Monday, November 21, 2016

ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး (၁၀)နေရာမှာ ဖွဲ့မယ်

-ဒေသန္တရ အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ (ဲဃြ-ူ) များကို နေရာ ၁ဝ ခုတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-L) မှသိရသည်။ (JMC-L) ၏ (၈) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက် မှ ၁၉ ရက် အထိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်အစည်းအဝေးအပြီး၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီအတွင်း ရေးမှူးဒေါက်တာရွှေခါးရ်က''JMC-L ၁ဝ ရုံးကို ဖွဲ့စည်းမှာဖြစ်ပါတယ်။ အဲဒီ အတွက်ကိုလည်း မူအားဖြင့်သဘော တူခဲ့ပါတယ်။ နောက်နှစ်မှာ ဆက် ပြီးတော့ဆွေးနွေးမယ်။ ဘယ်တွေမှာ ဖွင့်မယ်ဆိုတာမသတ်မှတ်ရသေးပါ ဘူး''ဟုပြောသည်။
လက်ရှိတွင် တပ်မတော်၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဒေ သခံပြည်သူများပါဝင်သော ပြည်နယ် အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများကို ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်း ထားရှိပြီး ချင်းပြည်နယ်တွင်ဖွဲ့စည်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်ကြားထိတွေ့မှုကိုရှောင်ရှားပြီး တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ပြည်နယ်အဆင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-L)နှင့်ဒေသန္တရအဆင့်ပစ်ခတ်တိုက်  ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-L)တို့ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီအတွင်းရေး မှူးဗိုလ်မှူးကြီးဝဏ္ဏအောင်က''JMC-L မှာတော့ နှစ်လကိုတစ်ကြိမ်လောက် သူ့နယ်မြေထဲမှာလှည့်လည်ပြီး ပူးတွဲ စောင့်ကြည့်ဖို့ပေါ့။ဲဃြ-ူ မှာ တော့ တစ်လကိုတစ်ကြိမ်လောက် လှည့်လည်စောင့်ကြည့်ဖို့ အစည်းအ ဝေးမှာ ဆုံးဖြတ်ထားတာရှိပါတယ်''ဟု ပြောသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဋ္ဌမအကြိမ် မြောက်အစည်းအဝေး၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးတွင် လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်ရေးလမ်းညွှန်မှုများ၊ လုပ် ထုံးလုပ်နည်းများ၊ ဆက်ဆံရေးရုံးများ ၏ လုပ်ငန်းလမ်းညွှန်နှင့် JMC-L ၏ ဘတ်ဂျက်တို့ကိုလည်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment