Monday, November 21, 2016

တဦးချင်းအမှားတွေကနေ ဂိုးတွေပေးရလို့ ရှုံးနိမ့်

ကစားသမားတချို့ရဲ့ တဦးချင်းအမှားတွေကနေ ဂိုးတွေပေးရလို့ ရှုံးနိမ့်ရတာဖြစ်တယ်လို့ မြန်မာ နည်းပြ ဂတ်ဇီဆီက ဗီယက်နမ်ကိုရှုံးနိမ့်အပြီးမှာပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကစာသမားတချိုရဲ့ တဦးချင်းအမှားတွေက ကိုယ့်ကိုယ်ကိုသတ်နေသလိုဖြစ်တယ်လို့ မြန်မာနည်းပြဂတ် ဇီဆီကဆိုပါတယ်။ မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး ပွဲထွက် ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့ရှိတယ်လို့လည်း မြန်မာနည်းပြကပြောပါတယ်။ ဗီယက်နမ်နည်း ပြက ငုရင်ဟူသန်ကတော့ မြန်မာအသင်းနဲ့ပွဲဟာ ပွဲမစခင်ကပြောခဲ့တဲ့အတိုင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ကံကောင်းလို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ မြန်မာအသင်း တိုက်စစ်မှူး အောင်သူရဲ့ ခြေစွမ်းကိုလည်း ဗီယက်နမ်နည်းပြ ချီးကျူးပြောကြားခဲ့ပြီး မြန်မာအသင်းရဲ့ ခြေစွမ်း စိတ်ဓာတ်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ မြန်မာအသင်း နဲ့ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဗီယက်နမ်အသင်းက ပွဲချိန်၂၄မိနစ်မှာ ငုရင်ဗန်ကူယက်ရဲ့ ဂိုးနဲ့ ဦးဆောင် ကစားခဲ့ပေမယ့် ပွဲချိန် ၇၃မိနစ်မှာ အောင်သူက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးကိုတော့ မြန်မာနောက်တန်းရဲ့ လူပေးမှားမူကနေ ဗီယက်နမ်တိုက်စစ်မှူး လီကောင်ဗင်က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ -လွှမ်းမိုးအောင်

No comments:

Post a Comment