Saturday, November 19, 2016

ဂျပန်က လုပ်သားသုံးသိန်းကျော်ခေါ်ယူမည် ဖြစ်၍ သွားရောက်လိုသော မြန်မာများ ကြိုတင်ပြင်ဆင်ထားရန်လို

လာမည့်နှစ်အတွင်း ဂျပန်က နိုင်ငံခြား လုပ်သား ၃ သိန်းကျော် ခေါ်ယူသွားရန် ရှိသဖြင့် သွား ရောက် အလုပ် လုပ်ကိုင်လိုသော  မြန်မာလုပ်သားများအနေဖြင့် ကြို တင် ပြင်ဆင်ထားရန်လိုကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် သူနာပြုအကူ အလုပ်အား  Training Visa ဖြင့် လုပ်သားများ ခေါ်ယူရန် အောက် လွှတ်တော်မှ အတည်ပြုလိုက်ပြီ ဖြစ်ပြီး မြန်မာလူမျိုးပါ မပါ မသိရ သေးသော်လည်း ဥပဒေအရ ခေါ် ယူနိုင်ခွင့်ကို ယခုနှစ်အတွင်း အ တည်ပြုဖွယ်ရှိကြောင်း မြန်မာပြည် ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ် ငန်းရှင်များ အဖွဲ့ချုပ်MOEAF မှ တွဲဖက်အတွင်းရေးမှူး ၂ ဦးကျော် ဇောကပြောသည်။



ဂျပန်နိုင်ငံက ခေါ်ယူမည့် နိုင်ငံခြားသား လုပ်သားဦးရေမှာ လုပ်ငန်း အမျိုးအစားပေါ်လိုက်၍ သုံးသိန်းကျော် ခေါ်ယူသွားရန်ရှိ ကြောင်း၊ ဂျပန်ဘာသာစကား  ကျွမ်း ကျင်မှု JLPT Level 4 နှင့် JLPT Level 3စာမေးပွဲကို ဖြေဆိုအောင် မြင် ထားသူများ ဖြစ်ရမည်ဟု သိရ သည်။

”လာမယ့် ၂ဝ၂ဝ အိုလံပစ် အတွက် ဆောက်လုပ်ရေးလုပ်သား တွေရယ်၊ ပြီးတော့ ဂျပန်မှာ အဓိက အခက်အခဲဖြစ်နေတဲ့ လူအိုတွေကို ပြုစုစောင့်ရှောက်ဖို့ နာ့(စ်)လို လုပ် သားတွေလိုနေတာ။ ဒါတွေကို အဓိကခေါ်ယူသွားမှာပါ။ လာမယ့် ၂ဝ၁၇ ခုနှစ်ထဲမှာ ခေါ်သွားမယ်လို့ သိရပါတယ်” ဟု ၄င်းကဆိုသည်။

ထို့ကြောင့် သွားရောက်အလုပ် လုပ်လိုသူများသည်  သက်ဆိုင်ရာ သူနာပြုအကူ၊ သက်ကြီးစောင့် ရှောက်မှု လုပ်ငန်းတာဝန်များကိုအတွေ့အကြုံရှိသူ (သို့မဟုတ်) လုပ်ငန်းခွင်တတ်ကျွမ်းမှု အောင် လက်မှတ်ရှိသူများ ဖြစ်ရန်လိုအပ် မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် မည်သည့်နိုင်ငံမှ ခေါ်ယူခွင့်ပြုမည်ဆိုသည့် သတင်း ကိုမူ ဂျပန်လွှတ်တော် အစည်း အဝေးကာလ ပြီးဆုံးမှသာလျှင် သတင်းအချက်အလက် အတိ အကျ ထွက်ရှိလာမည်ဖြစ်သည်။

ယင်းအပြင် ဂျပန်သို့ သွား ရောက် အလုပ်လုပ်ကိုင်လိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနတို့မှ တရားဝင်အသိအမှတ်ပြု လိုင်စင် ထုတ်ပေးထားသော ပြည် ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ် ငန်းများကို သေချာစုံစမ်း၍ဆောင် ရွက်သင့်ကြောင်း၊  ကြားနေပွဲစား များ ခေါင်းပုံဖြတ်ခံရမှု မှကင်းဝေး ရန်လည်း အလုပ်သမားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ရဲလွင်

No comments:

Post a Comment