Sunday, November 27, 2016

ကက်စထရို အတွက် ၀မ်းနည်းမှု အထိမ်း အမှတ်

ကွယ်လွန်သွားတဲ့ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ် ကက်စထရို အတွက် ၀မ်းနည်းမှု အထိမ်း အမှတ်အဖြစ် အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ ကျူးဘားသံရုံးမှာ နိုင်ငံတကာမှလူတော်တော်များက ပန်းများ၊ ဆီမီးများ ထွန်းညှိချထားခြင်းပြုလုပ်ကြပါတယ်။
ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရို(၉၀နှစ်)ဟာ ပြီးခဲ့တဲ့ သောကြာနေ့ညမှာ ကွယ် လွန်သွားတာဖြစ်ပါတယ်။
မနေ့ညကတော့ လက်တင်အမေရိကနဲ့ ကျူးဘန်းလှုပ်ရှားမှု ကွန်ရက်(LACAN) က ဦးစီးပြီး ၀ါရှင်တန်ရှိ ကျူး ဘားသံရုံးကို လာရောက် ဆုတောင်းမှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူဟာ ကမ္ဘာသမိုင်းမှာ ကြီးကျယ်မြင့်မြတ်တဲ့ တော်လှန်ရေးခေါင်းဆောင် ကြီးတွေ ထဲ က တယောက် ပါ၊ သူကွယ်လွန်သွားတဲ့အတွက် ကျနော်တို့ ၀မ်းနည်းရပါတယ်၊ ကျူးဘားပြည်သူ တွေ ဆီကို ကျနော်တို့ ချစ်ခြင်းမေတ္တာတွေ၊ စာနာမှုတွေ ပို့ပေးတာပါ။ ဒါဟာ ကျူးဘားပြည်သူတွေအတွက် ဆုံးရှုံးမှုဖြစ်သလို၊ ကမ္ဘာတခုလုံးအတွက်လည်း ဆုံးရှုံးမှုဖြစ်တာကြောင့် ၀မ်းနည်းရပါတယ်” လို့ LACAN အဖွဲ့က ဂျိမ်းစ်ပလိုစာက ပြောပါတယ်။

မနေ့ညက ရာသီဥတုအေးပေမယ့် နိုင်ငံပေါင်းစုံက လူတော်တော်များ လာရောက်ကြသလို၊ ကျူးဘား သံရုံးကလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အလံတ၀က်လွှင့်ထူထားပါတယ်။
အလားတူ အမေရိကန်သမ္မတ အိုဘားမားကလည်း ကျူးဘားခေါင်းဆောင် ဖီဒယ်ကက်စထရိုကွယ် လွန်တဲ့အတွက် ကျူးဘားပြည်သူတွေနဲ့ အတူ ထပ်တူ ၀မ်းနည်းကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ပါင်း ၅၀ ကျော်အကြာ ပြတ်တောက်ခဲ့တဲ့ ကျူးဘား- အမေရိကန်ဆက်ဆံရေးဟာ သမ္မတ အိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်မှာ သံတမန်ဆက်ဆံရေးပြန်လည်စတင်ကာ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုသမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ကတော့ အိုဘားမားရဲ့ ကျူးဘားအပေါ်ထားရှိ တဲ့ပေါ်လစီကို ဝေဖန်ခဲ့ပြီး သူသာ သမ္မတဖြစ်မယ်ဆိုရင် ကျူးဘားအပေါ်ထားရှိမှုတွေကို ရုပ်သိမ်းမယ် လို့လည်း ပြောဆိုမှုတွေရှိခဲ့ ပါတယ်။
ဒါကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး အနိုင်အရှုံးထွက်ပြီးနောက်မှာ ကျူးဘားက တနိုင်ငံ လုံးအတိုင်းအတာနဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံကတော့ ဖီဒယ်ကက်စထရိုကို ဂုဏ်ပြုတဲ့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် ၃၇က်ပြုလုပ်ဖို့ ကြေညာခဲ့ပါတယ်။

No comments:

Post a Comment