Wednesday, November 23, 2016

ချန်ပီယံလိဂ်၏ ဂိုးအများဆုံး စံချိန်သစ်ကို ရရှိစေခဲ့သည့် ဒေါ့တ်မန်-လီဂီယာ ပွဲစဉ်

ဘိုရပ်ရှားဒေါ့တ်မန်နှင့် လီဂီယာဝါဆောတို့ ကစားသည့် ပွဲစဉ်သည် ချန်ပီယံလိဂ်၏ သွင်းဂိုးအများဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဂျာမန်ကလပ် ဒေါ့တ်မန်က အိမ်ကွင်း၌ ပိုလန်ကလပ် ကို (၈-၄)ဖြင့် အနိုင်ရခဲ့သည်။ Group F ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရာ ၌ နှစ်သင်းပေါင်း သွင်းဂိုး (၁၂)ဂိုး ရှိခဲ့ရာ ချန်ပီယံလိဂ် ပွဲစဉ်တစ်ခုတွင် သွင်းဂိုးအများဆုံး စံချိန်သစ်ကို ပိုင်ဆိုင်လာခဲ့သည်။ ထိုပွဲသည် ပရိသတ်များ မျက်လုံးပြူးစရာ ဖြစ်လောက်အောင် ပထမပိုင်းတွင်ပင် သွင်းဂိုး (၇)ဂိုး ထိ တွေ့မြင်ခဲ့ရသည်။ ထို့နောက် ဒုတိယပိုင်းတွင်လည်း နောက်ဆုံးမိနစ်ထိ ဂိုးသွင်းနေသဖြင့် ပရိသတ် အကြိုက်တွေ့ခဲ့သည်။ ဒေါ့တ်မန်မှ ရှင်ဂျီကာဂါဝါရော၊ လီဂီယာမှ အလက်ဇန္ဒား ပရီယိုဗစ်တို့ ပါ နှစ်ဂိုးစီ ခြေစွမ်းပြ သွင်းယူခဲ့သလို ဒေါ့တ်မန် တောင်ပံလူ မာကိုရူးစ်က Hat-Trickရခဲ့သည်။ အသင်းခေါင်းဆောင် ရူးစ်နှင့် ကွင်းလယ် လူ နျူရီဆာ ဟင်တို့သည် ကာလရှည်ကြာ ဒဏ်ရာများနောက်ပိုင်း ယခုရာသီ အသင်း အတွက် ပထမဆုံးအကြိမ် ပွဲထွက် ကစားခဲ့ကြပြီး နှစ်ဦးစလုံး ဂိုးရခဲ့ကြသည်။ ယခုပွဲစဉ်တွင် နှစ်သင်းပေါင်း သွင်းဂိုးစုစုပေါင်း (၁၂)ဂိုးထိ ရှိခဲ့ရာ (၂၀၀၃) ခုနှစ်က မိုနာကိုအသင်းက ဒီပို့တီဗို လာကရူးနားကို (၈-၃)ဖြင့် အနိုင်ရသည့် ပွဲစဉ်ကို ကျော်တက်ပြီး သွင်းဂိုးအများဆုံး စံချိန်သစ်ကို တင်နိုင်ခဲ့ခြင်း ဖြစ် သည်။

No comments:

Post a Comment