Wednesday, November 30, 2016

ကော့တင်ဟို ဒဏ်ရာရရှိခဲ့ခြင်းက အသင်းအတွက် အဓိကမကျကြောင်း နည်းပြကလော့ပ် ၀န်ခံ ကစားသမားအချို့ဒဏ်ရာရရှိနေသော်လည်း ကစားသမားသစ်ခေါ်ရန်မလိုဟု ဖွင့်ဟ

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ် သည် အသင်း၏ အဓိကတောင်ပံ ကစားသမားဖြစ်သည့် ကော့တင်ဟို ဒဏ်ရာရရှိခဲ့ခြင်းက အသင်းအတွက် နစ်နာမှုအချို့ ရှိလာနိုင်သော်လည်း အသင်းရလဒ်အတွက် အဓိကမကျ ကြောင်း၊ ကော့တင်ဟို နေရာတွင် အစားထိုးနိုင်မည့် ကစားသမားအချို့ ရှိကြောင်း ပြောကြားသွားခဲ့သည်။
ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးအသင်းအတွက် သွင်းဂိုး ငါး ဂိုးသွင်းယူပေးထားသည့်အပြင် အသင်း ဖော်များဖြစ်သည့် မာနေးလ်၊ ဖာမီ နိုတို့နှင့် အကောင်းဆုံးတွဲဖက်ကစား နိုင်ခဲ့သည့် ကော့တင်ဟိုသည် ဆန်း ဒါးလန်းအသင်းအား အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် တွင် ခြေကျင်း ၀တ်အရွတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရဖွယ်ရှိနေသည်။

နည်းပြကလော့ပ်အနေဖြင့် လာ မည့် ဒီဇင်ဘာပွဲကျပ်ကာလအတွင်း ၌ ကော့တင်ဟိုအပါအ၀င် ဒန်နီအင့်စ် တို့ ဒဏ်ရာပြဿနာရှိနေသည့်အပြင် အာဖရိကဖလား သွားရောက်ယှဉ်ပြိုင် ရမည့် တိုက်စစ်မှူး မာနေးလ်တို့ကို ပါ လက်လွှတ်ရမည့် အခြေအနေများ ကြောင့် အခက်တွေ့လျက်ရှိပြီး အဲဗာ တန်အသင်းနှင့် ရင်ဆိုင်ရမည့် မာ ဆေးလ်ဆိုက်ဒါဘီပွဲစဉ်တွင်ပါ ကစား သမားရွေးချယ်ရခက်ခဲနေကြောင်း သတင်းဖော်ပြမှုများရှိနေခဲ့သည်။
""ကော့တင်ဟိုက ကစားသမား ကောင်းတစ်ဦးပါ။ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် လည်း လက်ခံပါတယ်။ ဒါပေမဲ့ ကော့ တင်ဟို မပါဝင်နိုင်တဲ့အသင်းက ရလဒ် ပိုင်းကျဆင်းဖို့မရှိပါဘူး။ အထူးသဖြင့် သူရဲ့ဒဏ်ရာအခြေအနေက အသင်း ရဲ့ရလဒ်အပေါ် တိုက်ရိုက်အကျိုး မသက်ရောက်စေတာပါ။ ချန်ပီယံဆု အတွက် မျှော်လင့်ချက်ရှိသလို အခွင့် အရေးတွေလည်းရှိနေပါသေးတယ်"" ဟု နည်းပြကလော့ပ်က ဆိုခဲ့သည်။
ထို့အတူ ဆက်စပ်သတင်းများ အရ လီဗာပူးအသင်းအနေဖြင့် လာ မည့် ဆောင်းရာသီကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် ကစား သမားသစ်များခေါ်ယူရန် စောင့် ကြည့်မှုများပြုလုပ်ရန်သာရှိကြောင်း သတင်းဖော်ပြမှုများရှိနေခဲ့သည်။ နည်းပြကလော့ပ်
အနေဖြင့်လည်း ဒဏ်ရာရကစားသမားများရှိနေသော် လည်း ကစားသမားသစ်အင်အားဖြည့် တင်းရန် မလိုအပ်ကြောင်း ပြောကြား ထားခဲ့ဖူးသည်။
WKM

No comments:

Post a Comment