Saturday, November 26, 2016

အလည်အပတ်ဗီဇာကိုင်ဆောင်သူ နိုင်ငံခြားသားများ အိမ်ငှားရမ်းနေထိုင်ခြင်းကို တွေ့ရှိပါက အိမ်ရှင်ကိုပါ အရေးယူမည်

အလည်အပတ်ဗီဇာဖြင့် လာသည့် နိုင်ငံခြားသားများ ရပ် ကွက်များအတွင်း အိမ်ငှားရမ်း နေထိုင်မှုများပြားလာသောကြောင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများထံသို့ သတင်းမပို့သူ များကို တည်ဆဲဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။ နိုင်ငံခြားသားမျာကို အခန်း ငှားရမ်းသူများအနေဖြင့် အခန်း ငှားနေခွင့်ရှိသည့် ဗီဇာကိုင် ဆောင်ထားသည့် နိုင်ငံခြားသား များကိုသာ လက်ခံသင့်ပြီး သို့မဟုတ်ပါက စစ်ဆေးတွေ့ရှိသည့်အခါ အိမ်ရှင်ကိုပါ တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း (လ၀က) ရန်ကုန်တိုင်းဒေသဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။ ‘‘မြန်မာပြည်မှာနေတဲ့ နိုင်ငံ ခြားသား ၇၀ ရာခိုင်နှုန်းကျော် လောက်က ရန်ကုန်မှာနေတယ်။ အ ခန်းငှားတဲ့သူတွေ အများစုက လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို အကြောင်းကြားတာနည်း တယ်။ နေထိုင်ခွင့်မရှိတဲ့ ဗီဇာနဲ့ ငှားနေလို့ ဖမ်းမိရင် အိမ်ရှင်ဖြစ်သူ ကိုပါ အရေးယူမှာပါ။ ဒါကြောင့် မိမိအိမ်မှာ နိုင်ငံခြားသားတွေကို ငှားမယ်ဆိုရင် သက်ဆိုင်ရာအုပ် ချုပ်ရေးမှူးတွေကို အကြောင်း ကြားပါလို့ ပြောချင်ပါတယ်’’ဟု ၎င်းက ပြောသည်။



နိုင်ငံခြားသားများသည် အ လုပ်လုပ်ကိုင်ရန် Business ဗီဇာများဖြင့် လာရောက်နေထိုင်ပါက ရပ်ကွက်များတွင် ငှားရမ်းနေထိုင်ခွင့်ရှိကာ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အလည်အပတ်ဗီဇာဖြင့် လာရောက်သော နိုင်ငံခြားသားခရီးသွားများကို ဟိုတယ်များ၌သာ တည်းခိုနေထိုင်ရန် ပြဋ္ဌာန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးအုန်းမြင့်က ပြောသည်။

‘‘ဗီဇာစည်းကမ်းဖောက် ဖျက်ကျူးလွန်ရင် ၁၉၄၇ လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၄(၂)/၁၃ (၁)အရ အရေးယူခံရ မယ်။ ဒီဥပဒေအရ အရေးယူမယ် ဆိုရင် ထောင်ဒဏ်အနည်းဆုံး ခြောက်လကနေ ငါးနှစ်အထိ ချ နိုင်ပါတယ်။ ငွေဒဏ် ၁,၅၀၀ နဲ့ ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ပါ တယ်’’ဟု ရန်ကုန်တိုင်းဥပဒေရုံး ချုပ်မှ ဒုတိုင်းအရာရှိ ဒေါ်လှလှ ဆွေက ပြောသည်။

ခရီးသွားအလည်အပတ် ဗီဇာကိုင်၍ ရပ်ကွက်နှင့် နေအိမ် များအတွင်း နေထိုင်သော နိုင်ငံ ခြားသားများရှိနေခြင်းကြောင့် လစဉ်လိုက်လံစစ်ဆေးမှုများပြု လုပ်နေသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သတင်းပို့ရန် ညွှန်ကြားထားသော်လည်း ယနေ့အထိ ဖမ်းဆီးမှုမရှိသေးကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးဆွေ က ပြောသည်။

‘‘နိုင်ငံခြားသားတွေ ပြစ်မှု ကျူးလွန်တဲ့အမှု ၅၆ မှုရှိပါတယ်။ ဒီအထဲမှာ နိုင်ငံခြားသား ၆၄ ဦးကို အရေးယူထားပါတယ်။ (လ၀က) ဥပဒေနဲ့ အရေးယူမှုကတော့ ခုနစ်မှုရှိပါတယ်။ အိမ်ရာတွေ စစ်ဆေးပြီးတော့ ဖမ်းဆီးရမိမှုမရှိသေးပါဘူး’’ဟု ၎င်းရဲအရာရှိက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ယခု နှစ်အောက်တိုဘာ ၂၇ ရက်အထိ နိုင်ငံခြားသား ၈၂၄,၂၇၄ ဦးလာ ရောက်ခဲ့သည်။ ထိုင်းနိုင်ငံသား ၁၆၄,၇၃၀၊ တရုတ်နိုင်ငံသား ၁၀၁,၂၄၅ ဦးဖြင့် အများဆုံးလာ ရောက်ကြသည်။ ရန်ကုန်တိုင်းအတွင်း လုပ်ငန်းဗီဇာဖြင့် နေထိုင်သူ ၃,၈၅၁ ဦးရှိပြီး လူမှုရေးဗီဇာဖြင့် နေထိုင်သူ ၁,၅၄၇ ဦးရှိကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ပေးလျက်ရှိသည့် ဗီဇာ ၁၂ မျိုးတွင် လုပ်ငန်းဗီဇာနှင့် လူမှုရေး ဗီဇာကိုင်ဆောင်သူများသာ သက် ဆိုင်ရာလုပ်ငန်းပိုင်ရှင် မိသားစု ၀င်များ၏ ထောက်ခံချက်ပါရှိမှ သာ အခန်းငှားနေထိုင်ခွင့်ရှိ ကြောင်း ဦးမောင်မောင်သန်းက ပြောသည်။

‘‘ဒီဗီဇာကိုင်တဲ့သူတွေလည်း ရက်ပိုင်းနေမယ်ဆိုရင် ဟိုတယ်၊ မိုတယ်တွေမှာပဲ တည်းခိုနေထိုင် ခွင့်ရှိပါတယ်။ ခြောက်လ၊ တစ်နှစ်နေမယ့်သူတွေမှသာ အခန်းငှား နေထိုင်ခွင့်ပေးတာပါ။ သာသနာ ရေးဗီဇာနဲ့ ပညာရေးဗီဇာကိုတော့ သင်တန်းကာလအလိုက် ရက်တိုး ပေးတာရှိပါတယ်။ ဒီလူတွေက လည်း သတ်မှတ်ထားတဲ့နေရာမှာ သာ နေထိုင်ခွင့်ရှိပါတယ်’’ဟု ၎င်း က ဆိုသည်။

No comments:

Post a Comment