Tuesday, November 29, 2016

ဥတ္တံတားကျေးရွာတွင် ကျောက်မိုင်းခွဲ လမ်းခင်းကျောက်ထုတ်လုပ်နေမှုအား လုံးဝရပ်ဆိုင်းပေးရန် ဒေသခံ ၂၄ဝဝ ကျော် တောင်းဆို

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ ကျောက်မိုင်းခွဲ လမ်းခင်းကျောက်ထုတ်လုပ်မှုကြောင့် လယ် ယာမြေပျက်စီးဆုံးရှုံးမှုတွေအပြင် စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်လာတာကြောင့် ရွာသား ၂၄ဝဝ ကျော် က လုံးဝရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်လို့  ဒေသခံတစ်ဦးဖြစ်သူ ဦးဇော်ထွေးက ပြောပါတယ်။ " ဒီ Long life ကျောက်မိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျေးရွာမှာ သစ်တောတွေ ပျက်စီးလာတယ်။ ကျွန်တော်တို့ ရွာကလူတွေက ရေနဲ့ပတ်သက်ရင် စမ်းချောင်းကိုပဲ မှီခိုနေရတာ။ အခုတော့ အများပိုင်စမ်းချောင်း အဖျားလေးပေါ့နော်။ မြေတွေဖို့ပြီးတော့ မိုင်းဧရိယာ ချဲ့တဲ့အတွက် သဲနှုန်းတွေ၊ မိုင်းရဲ့ စွန့်ပစ်မြေတွေက စမ်း ချောင်းထဲကို စီးဆင်းလာတယ်။ ဒါကြောင့် စမ်းချောင်းက တိမ်ကောလာပြီး သောက်ရေ၊ သုံးရေအတွက် အခက်အခဲ ဖြစ်လာတယ်။  ခုလိုစမ်းတွေကောလာတဲ့အတွက် လယ်ယာမြေနဲ့ ဥယျာဉ်စိုက်ပျိုးဖို့အတွက် ရေလုံလောက် မှုကလည်း အခက်အခဲ ဖြစ်လာတယ်။ " လို့ ဦးဇော်ထွေးက ဆက်ရှင်းပြခဲ့ပါတယ်။

No comments:

Post a Comment