Saturday, November 19, 2016

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ဝိရောဓိ

၂၀၁၆အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့  ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးတဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်က အရေးနိမ့်သွားပြီး ရီပတ်ဘလီကန်ကိုယ်စားပြု စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဒေါ်နယ်ထရန့် အနိုင်ရရှိခဲ့လို့ အံ့သြမှု၊ ချီးကျူးမှု၊ အမေရိကန်မြို့ကြီး အချို့မှာ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းလဲလာ မယ့် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒသဘောထား တွေကို ကမ္ဘော့နိုင်ငံအသီးသီးက စိတ်ဝင်စားနေကြပါတယ်။ အဲဒီထဲမှာ မြန်မာပြည်သူတွေလည်း ပါဝင်နေတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပေါ်မှာ မြန် မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် မြန်မာပြည်သူတွေ အဓိကစိတ်ဝင်စားတဲ့ရှုထောင့်က (မြန်မာနိုင်ငံအပေါ်ထားရှိမယ့်) အမေရိကန် နိုင်ငံခြားရေးမူဝါဒ၊ သမ္မတအိုဘာမားလက်ထက်က 'ဆန်ရှင်' ရုပ် သိမ်း ပေးပြီး ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး(GSP) ပြန်လည် ပေးအပ်မှုတွေပေါ်မှာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနဲ့ မြန်မာ နိုင်ငံထဲကိုစီးဝင်လာမယ့် အမေရိကန်ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင် များရဲ့ ရင်းနှီးမြှုပ်နှံမှု အစရှိတာတွေပဲ ဖြစ်ပါတယ်။



ပြောင်းလဲလာတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အမြင် American Interest လို့ခေါ်တဲ့ အမေရိကန်အကျိုးစီးပွားတွေပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ နိုင်ငံခြားရေးမူဝါဒအရ အမေရိကန်ပြည် ထောင်စု အနေနဲ့ အရှေ့အာရှ-ပစိဖိတ်ဆိုင်ရာ ပင်မမူဝါဒပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်နိုင်ခြေမရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် မူဝါဒပိုင်းမှာလည်း ကြီးကြီးမားမား ပြောင်းလဲနိုင်ခြေနည်းပါးပြီး မဟာဗျူဟာအရ အပြောင်းအလဲအနည်းငယ်သာ ရှိကောင်းရှိလာနိုင်တယ်။ အမေရိကန်ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး စကော့မာစီရယ်ကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ကူညီပံ့ပိုးမယ့် သဘောထားအမြင် ကိုတော့ ပြောင်းလဲမှာမဟုတ်ကြောင်း ပြောဆိုထားတယ်။ တစ်ဖက်မှာလည်း သမ္မတအိုဘားမား လက်ထက်က တည် ဆောက်ခဲ့တဲ့ အမေရိကန်- မြန်မာဆက်ဆံရေး အနိမ့်အမြင့်ရေချိန်ကို ဆက်ထိန်းထားနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်သောကအချို့လည်း ရှိနေပါတယ်။


အမေရိကန်နိုင်ငံမှာ မြန်မာလူမျိုး နှစ်သိန်းဝန်းကျင် အခြေစိုက်နေထိုင်ကြတယ်လို့ သတင်းတွေကဆိုပါတယ်။ သူတို့အများစုရဲ့အမြင်ကတော့ သမ္မတသစ် ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဗဟုသုတနည်း ပါးသလို စိတ်ဝင်စားမှုလည်း အားနည်းပါတယ်။ ဒါကြောင့် သမ္မတအိုဘားမား၊ ဟီလာရင်ကလင်တန်တို့လောက် မြန်မာနိုင်ငံကို အလေးထားနိုင်ခြေမရှိဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေတယ်။ အမေရိကန် နိုင် ငံရေးအသိုင်းအဝိုင်းကို ရီပတ်ဘလီကန် အများစု လွှမ်းမိုးလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးမူဝါဒကတော့ သမ္မတအိုဘားမား လက် ထက်ကတည်းက ရီပတ်ဘလင်ကန်ရော ဒီမိုကရက်ပါ 'ဘုံအမြင်'နဲ့ထောက်ခံထားကြလို့ ကြီးကြီးမားမားအပြောင်းအလဲ ဖြစ်လာ နိုင်ခြေနည်းပါးတယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရ မူဝါဒချမှတ်ရာမှာ အဓိကတွန်းအားပေးခဲ့သူတွေဖြစ်တဲ့ ဂျွန်မက်ကိန်း၊ မက်ကွန်းနဲလ်တို့ဟာ ရီပတ်ဘလင်ကန်အမတ်တွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် အမေရိကန်လွှတ်တော်နှစ်ရပ်မှာ ရီပတ်ဘလီကန်တွေ လွှမ်းမိုးလာတဲ့အခါ မြန် မာနိုင်ငံနဲ့ ဆက်ဆံ ရေး ပိုမိုကောင်းမွန်တိုးတက်လာခြင်း မရှိရင်တောင်မှ လျော့ကျနိုင် ဖွယ်မရှိဘူးဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။


အလားတူ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဆန်ရှင်နဲ့ပတ်သက်ပြီး အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ရီပတ်ဘလီကန်ရော ဒီမိုကရက်ပါ တူညီတဲ့သဘောထားအမြင် ရှိနေတာကိုတွေ့ရတယ်။ဒါကြောင့် ဆန်ရှင်နဲ့ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေးပေါ်မှာအပြောင်း အလဲဖြစ်လာနိုင်ခြေနည်းပါးပြီး အမေရိကန်အကျိုးစီးပွားပေါ် အခြေခံတဲ့ 'အတိုးအဆုတ်' နည်းနည်းပါးပါးလောက်ပဲ အလျှော့အတင်းလုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခြားရှုထောင့်တစ်ခုကနေကြည့်ရင် အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်ဟာ လက်တွေ့ကျတဲ့ စီးပွား ရေးလုပ်ငန်းရှင်ဖြစ်ပြီး အမေရိကန်ဦးစားပေးမူဝါဒ(American First Policy) ကိုင်စွဲထား သူ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတအိုဘားမားနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံအပေါ် ထားရှိမယ့်မူဝါဒကပို မိုလက်တွေ့ဆန်ပြီး အမေရိကန်အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ ထိတွေ့ချဉ်းကပ်မှုတွေ ရှိလာနိုင်တယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ အမေရိကန်အတွက်အကျိုးရှိရင် ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး သူတို့အတွက်အကျိုးမရှိရင်တော့ နှေးကွေးအေးစက်နေတော့မှာ မဟုတ် ဘဲ ပြတ်သားတဲ့ အဖြေတစ်ခုကို ထုတ်ပေးသွားဖွယ်ရှိတယ်။ ဒါကြောင့် သမ္မတအိုဘားမားလက်ထက်ကလို မြန်မာနိုင်ငံကို ဆန်ရှင်ရုပ်သိမ်း ပေးပြီး စီးပွားရေးအရ ရင်းနှီးမြှပ်နှံဖို့ကျပြန်တော့ အချိုသတ်အပျော့ ဆွဲနေတာမျိုးကို ဒေါ် နယ်ထရန့်လက်ထက်မှာ တွေ့မြင်ရဖို့နည်းပါး သွားတယ်။


အကောင်းဘက်ကကြည့်ရင်တော့ သမ္မတအိုဘားမားလက်ထက် အချို့သောကိစ္စရပ်တွေမှာ အမေရိကန်ပြည်ထောင်စုက မသိကျိုးကျွံပြုထားတာတွေရှိနေတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရန့် လက်ထက်မှာတော့ ပိုမိုပြတ် သားပြီး လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ အထူးသဖြင့် အမေရိကန် အကျိုးစီးပွားကို အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထိတွေ့ဆက်ဆံမှုတွေ ပေါ်ပေါက်လာနိုင်တယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးအနေအထားပေါ်လိုက်ပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း အလျှော့အတင်းလုပ်လာနိုင်ဖွယ်ရှိတယ်။ ဒီရှုထောင့်ကနေ ချဉ်းကပ်လိုက်ရင် အမေရိကန်-မြန်မာဆက်ဆံရေးက တရုတ်-အမေရိကန် ဆက်ဆံရေးပေါ်မှာ အနည်းနှင့်အများမူတည်နေတယ်။ ဒါကြောင့် တရုတ်နိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေးအရ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် ရဲ့အမြင်တွေကို မြန်မာနိုင်ငံအနေနဲ့ လျစ်လျူရှုလို့မရနိုင်တာ အ သေအချာပါ။ အမေရိကန် ဦးစားပေးမူဝါဒအရ သမ္မတသစ် ဒေါ်နယ်ထရန့် လက်ထက်မှာ အမေရိကန်အကျိုးစီးပွားကို ရှေ့တန်းတင်မှု ရှိလာ နိုင်တယ်။ အမေရိကန် ပြည်တွင်းရေးဘက်ကို စိတ်ဝင်စားမှု ပိုကဲ လာနိုင်ပြီး နိုင်ငံတကာမျက်နှာစာမှာ ခြေလှမ်းတွေ ဆုတ်ခွာလာနိုင် တယ်။ ဒါကြောင့် မြန်မာ့အရေးကိစ္စမှာလည်း သမ္မတအိုဘားမား လက်ထက်ကလောက် စိတ်ဝင်စားမှုမပြတော့မှာကို စိုးရိမ်ရတယ်။


လက်ရှိ အမေရိကန်ပြည်တွင်းမှာ နိုင်ငံခြားမှလာရောက်အခြေစိုက်သူတွေက သူတို့အလုပ်တွေ၊ အကျိုးစီးပွားတွေကို လုယူနေကြတယ်ဆိုတဲ့အမြင်တွေ အားကောင်းနေတယ်။ ဒါကြောင့် အမေရိကန် ဦးစားပေးအမြင် ကို ရှေ့တန်းတင်လာတဲ့ ဒေါ်နယ်ထရန့်ကိုမဲ ပေးခဲ့ကြတယ်။ ဒီအချက်က အမေရိကန်ပြည်ထောင်စု ရှေ့ခရီးလမ်း ပေါ်မှာ အနည်းနဲ့အများ လွှမ်းမိုးလာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က အားသာလာအောင်၊ အသာစီးရအောင် လုပ်ကိုင်လိုစိတ် ပြင်းပြနေတယ်။ အမေရိကန်အခန်းကဏ္ဍကို မြှင့်တင်လိုတယ်။ နိုင်ငံတကာ ရေးရာကိစ္စရပ်တွေမှာ အမေရိကန်ပြည်ထောင်စု ကျခံသုံး စွဲနေတဲ့ ငွေကြေးအတော်များများက အဓိပ္ပာယ်မဲ့ပြီး အချည်းနှီးဖြုန်းတီးနေတယ်လို့ သမ္မတသစ် ဒေါ်နယ်ထရန့်ကဆိုပါတယ်။ အဲဒီသုံးစွဲမှု တွေကို အမေရိကန်အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုတွေအ ဖြစ် ပြောင်း လဲနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမွန်တိုးတက်မလဲဆိုပြီး မဲဆွယ်ကာလမှာပြောဆိုခဲ့တာကြောင့် မထင်မှတ်ဘဲ မဲတွေရရှိခဲ့တယ်။ ဒါကြောင့် သမ္မတအိုဘားမား လက်ထက်ကလောက် အာရှကို အလေး ထားနိုင်ခြေမရှိဘူးလို့ သုံးသပ်မှုတွေရှိလာတယ်။ ဒီအချက်ပေါ်မှာ အကျယ်ချဲ့လိုက်ရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ယခင်ကလောက် အလေးထားနိုင်ခြေမရှိဘူးဆိုတဲ့ ကောက်ချက် တွေရှိလာတယ်။ တစ်ဆက်တည်း မှာပဲ မြန်မာနိုင်ငံကို ပံ့ပိုးနေတဲ့ အကူအညီတွေ လျော့နည်းကျဆင်းသွားပြီး ဆက်ဆံရေးအရှိန်အ ဟုန် လျော့ကျသွားမှာကိုလည်း စိုးရိမ်ရတယ်။


စီးပွားရေးပိုင်းမှာလည်း ဒေါ်နယ်ထရန့်က ပြည်တွင်းမှာပဲ ရင်း နှီးမြှုပ်နှံမှုကို ပိုမိုပြုလုပ်စေချင်တယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဒေါ်နယ်ထရန့်က အမေရိကန်ပြည်ထောင်စုမှာ စက်ရုံအလုပ် ရုံပေါင်း ၆ဝဝဝ ကျော် ပိတ်သိမ်းလိုက်ရတဲ့ကိစ္စကို ရှေ့တန်းတင်လာတယ်။ အဓိက စီးပွားရေးလုပ်ငန်းတွေကို ပြည်တွင်းမှာပဲပြောင်း ရွှေ့အထိုင်ချလိုတဲ့ သဘောထားတွေ ရှိနေတယ်။ ဒါမှသာ အမေရိကန်ပြည်တွင်းက အလုပ်အကိုင်အခွင့် အလမ်း စိန်ခေါ်မှုတွေကို ဖြေရှင်းပေးရာရောက်မယ်လို့ ရှုမြင်သုံးသပ်ထားတယ်။ ပြည်ပကို အမေရိကန်အရင်းအနှီးတွေ စီးထွက်သွားမှာကို ဒေါ်နယ်ထရန့်က စိုးရိမ်ပုံရတယ်။ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံရင်း အလုပ် အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးဖို့ အားသန် နေတယ်။ ဒီအချက်ပေါ်မှာ အမေရိကန်ရဲ့ ကမ္ဘာဖြန့်ကြက် စီးပွားရေး၊ နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာမှာတော့ ကမ္ဘာ့နိုင်ငံ အတော်များများကို စိုးရိမ်ကြတယ်။ ဒါ့အပြင် သမ္မတသစ်ဒေါ်နယ်ထရန့် လက်ထက်ကျရင် တရုတ်၊ မက္ကဆီကိုနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ အခွန်ကောက်ခံမှုပိုင်းကို မြှင့်တင်ပြီး အမေရိကန်အကျိုးစီးပွားကာကွယ်မှုကို မြှင့်တင် လာ နိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ အမေရိကန်သုတေသန အဖွဲ့အစည်းတစ် ခုက ဒီလိုလုပ်ဆောင်ခဲ့ရင် အမေရိကန်ဘက်မှာ အလုပ်အကိုင်နှစ် သန်းလောက် နစ်နာဆုံးရှုံးနိုင်တယ်လို့ ထောက်ပြထားတယ်။ ခြုံကြည့်ရင် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် လက်ထက် အမေရိကန်-မြန်မာ ဆက်ဆံရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးကိစ္စရပ်တွေကို ယတိပြတ်ခန့်မှန်းဖို့ စောနေပါသေးတယ်။ ဒါပေမဲ့ လက်တွေ့ကျပြီး အကျိုး စီးပွားကိုအခြေခံမယ့် ဆောင်ရွက် မှုပိုင်းမှာတော့ ပိုမိုလျင်မြန်စွာ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်တဲ့လမ်း ကြောင်းတစ်ခုပေါ်မှာ ရှိနေကြောင်းပါ။


သက်မောင် ( နိုင် / စီး )

No comments:

Post a Comment