Sunday, November 20, 2016

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်ကြား အချိတ်အဆက် အနည်းငယ်လွဲနေကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်အ ကြား   အချိတ်အဆက်အနည်းငယ် လွဲနေကြောင်း ဒဂုံမြို့နယ်မဲဆန္ဒ နယ်အမှတ်(၂)လွှတ်တော်ကိုယ် စားလှယ်ဦးကျော်ဇေယျက နိုဝင် ဘာ ၁၆ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြောကြားသည်။ လွှတ်တော်၌ ဦးကျော်ဇေယျ က မေးခွန်းလေးခုမေးမြန်းရန် စီ စဉ်ထားရာ လွှတ်တော်ရုံးကမေး  ခွန်းများထပ်နေ၍ နှစ်ခုသာမေး မြန်း ခွင့်ပြုသောကြောင့် နိုဝင်ဘာ ၁၆ ရက်တွင် ကျန်မေးခွန်းနှစ်ခုသာ မေးမြန်းခွင့်ရရှိခြင်းအပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



‘‘ကျွန်တော်တင်ပြချင်တဲ့အ ချက်ကတော့ အစိုးရအဖွဲ့နဲ့ လွှတ် တော်နဲ့အချိတ်အဆက်လေးတွေ နည်းနည်း လွဲနေတယ် ထင်ပါ တယ်။ မြို့ပြစီမံကိန်းနဲ့ပတ်သက် လို့ လွှတ်တော်ကနေ ဦးကျော်ဇေ ယျ မေးခွန်းမမေးပါနဲ့။ ကိုယ်စား လှယ်တွေ ထပ်နေတယ်ဆိုတဲ့အ တွက် ကျွန်တော်က ကျူးကျော် တွေကို မေးခြင်းဖြစ်ပါတယ်’’ဟု ဦးကျော်ဇေယျက လွှတ်တော်၌ ပြောကြားသည်။

လွှတ်တော်ရုံးက ထုတ်ပြန် သောအစီအစဉ်စာရွက်တွင် ဦး ကျော်ဇေယျ၏ မေးခွန်းနှစ်ခုသာ ပါဝင်သော်လည်း ယင်းမေးခွန်း ကို ပြန်လည်ဖြေကြားသော လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ် မှူးကြီးတင်အောင်ထွန်းကမေး ခွန်းလေးခုစလုံးကို ပြန်လည်ဖြေ ကြားပြီး ယင်းကဲ့သို့ဖြေကြားခဲ့မှု အပေါ် ဦးကျော်ဇေယျကကျေးဇူး တင်ကြောင်းပြောကြားခဲ့သည်။

‘‘မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့အ ဖြေက သိပ်အံဝင်ခွင်ကျမဖြစ်ဘူး၊ တိတိကျကျပြတ်ပြတ်သားသား မဖြစ်ဘူးဆိုရင် ကျေနပ်အားရမှုရှိ မှာမဟုတ်ဘူး။ ကျွန်တော်တို့ကိုယ် တိုင်လည်း အားမရတာတွေရှိပါ တယ်။ နောက်တစ်ချက် ကိုယ်စား လာဖြေတဲ့အခါမှာ အချက်အ လက်က ပိုပြီးအားနည်းသွားတာ ပေါ့။ ဆက်စပ်မေးခွန်းတွေမေးတဲ့ အခါ ပိုပြီးဆိုးသွားတာတွေလည်း တွေ့ရှိရပါတယ်။ တကယ်ဖြစ် သင့်တာက မေးတဲ့မေးခွန်းနဲ့ ဖြေ တဲ့အဖြေအံဝင်ခွင်ကျဖြစ်ဖို့အထူး ပဲလိုအပ်လှပါတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အ မှတ်(၂)လွှတ်တော်ကိုယ်စား လှယ်ဦးရန်အောင်က မှတ်ချက်ပြု သည်။

 ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ ကိုယ်စားလှယ်များ မေးမြန်းသည့်မေးခွန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အ စည်းဝင်များက ပြန်လည်ဖြေကြား ရာတွင် မေးမြန်းသည့်အကြောင်း အရာကို ထိရောက်စွာဖြေကြား ရန်လိုအပ်ကြောင်းနှင့် ပြည့်စုံစွာ ဖြေကြားနိုင်ရန် ကြိုတင်ပြင်ဆင် ထားသင့်ကြောင်း ကိုယ်စားလှယ် အချို့က ဝေဖန်ပြောကြားသည်။

ယခုလဆန်းကလည်း ဆိပ်ကြီးခနောင်တိုမြို့နယ်  မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ်ဒေါ်စန္ဒာမင်း၏ မေးခွန်းကိုမြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားစဉ် တိကျစွာဖြေကြားခြင်းမရှိ၍ ဝေဖန်ခံခဲ့ရ သည်။ ထက်အာကာကျော်

No comments:

Post a Comment