Saturday, November 26, 2016

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် စီတန်းလမ်းလျှောက်

 မွန် အမျိုးသမီးကွန်ရက်မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး နေ့လှုပ်ရှားမှုအဖြစ် မော်လမြိုင်မြို့တွင် ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခြင်း ကို နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီ တွင် မြိုင်သာယာရပ်ကွက် မြိုင်သာယာ ပန်းခြံမှ စတင်ထွက်ခွာ စီတန်းလမ်း လျှောက်ကြကြောင်း သိရသည်။ မွန်အမျိုးသမီးကွန်ရက်အဖွဲ့ဝင်များဖြစ်ကြသည့် မော်လမြိုင်မြို့ပေါ် နှင့် ချောင်းဆုံ၊ ကျိုက်မရော၊ သံဖြူ ဇရပ်၊ မုဒုံမြို့နယ်များရှိ ကျေးရွာများ မှ အမျိုးသမီး ၁၅၀ ခန့်သည် ညနေ ၄ နာရီတွင် မြိုင်သာယာပန်းခြံစုရပ် သို့ ရောက်ရှိလာကြပြီး ညနေ ၅ နာရီမှစတင်ကာ မြိုင်သာယာပန်း ခြံမှ တောင်ဝိုင်းလမ်းတစ်လျှောက် ငြိမ်းချမ်းစွာစီတန်း လမ်းလျှောက်ကြ ပြီး ဈေးကြိုရပ်ကွက်ရုပ်တုအ၀ိုင်းကို ပတ်၍ တောင်ဝိုင်းလမ်းအတိုင်း မြိုင် သာယာပန်းခြံအထိ ရောက်ရှိရပ်နား ကြကြောင်း သိရသည်။

ထိုသို့ ငြိမ်းချမ်းစွာစီတန်းလှည့် လည်ရာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေးနေ့ မွန်-မြန်မာနှစ်ဘာ သာဖြင့်ရေးထားသည့် ဆိုင်းဘုတ်နှစ်ခု STOP CIVIL WAR အင်္ဂလိပ်စာ-မွန်စာ နှစ်ဘာသာနှင့် တူညီဝတ်စုံများ ၀တ်ဆင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့် လည်ကြကြောင်း၊ ထိုသို့လှည့်လည် စဉ်အပြည်ပြည်ဆိုင်ရာအမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့အကြောင်းကိုလည်း လမ်းတစ် လျှောက် ဟောကြားသွားကြောင်း သိရသည်။
""အပြည်ပြည်ဆိုင်ရာအမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်
ရေးနေ့ဟာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၁၀ ရက်ထိဖြစ်ပါတယ်။ ကျွန်မတို့ မွန်အမျိုးသမီးကွန်ရက် အဖွဲ့ဝင်များအနေနဲ့ တောင်းဆိုလို တာက ဒီကာလမှာ အမျိုးသမီးအကြမ်း ဖက်ခံရမှု ပိုမိုများပြားလာပါတယ်။ သက်ကြီးအကြမ်းဖက်ခံရမှုထက် သက်ငယ်အကြမ်းဖက်ခံရမှုပိုမိုများ
ပြားတဲ့အတွက် ရပ်တန့်သွားအောင် ဆောင်ရွက်ပေးဖို့၊ ငြိမ်းချမ်းရေး အတွက် စစ်ပွဲတွေချက်ချင်းရပ်ပေးဖို့ တောင်းဆိုလိုတဲ့အတွက် အခုလို စီ
တန်းလမ်းလျှောက်ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်တာပါ။
အိမ်တွင်းငြိမ်းချမ်း ရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီ သို့ ရောက်ရှိဖို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသား များလည်း ပါဝင်ပေးကြပါလို့ ပြော ကြားလိုပါတယ်""ဟု မွန်အမျိုးသမီး များကွန်ရက်အဖွဲ့မှ စီမံချက်တာ ၀န်ခံ မိအိန်ပကောင်းက ပြောသည်။
AHO

No comments:

Post a Comment