Monday, November 28, 2016

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားသူကြီးများကို ခန့်အပ်သည့်စနစ်နှင့် ပုံသဏ္ဌာန်မှာ အားနည်းချက်များရှိနေဟုဆို

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် တရားသူ ကြီးများကို ခန့်အပ်သည့်စနစ်နှင့် ပုံ သဏ္ဌာန်သည် အားနည်းချက်များရှိ နေကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးကိုနီကပြောကြားလိုက်သည်။""တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား""ဟူသည့်ခေါင်းစဉ်ဖြင့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ က ဦးဆောင်ပြုလုပ်သည့်ဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၇ ရက်တွင် တော်ဝင် နှင်းဆီခန်းမ၌ပြုလုပ်ခဲ့ရာတွင် ဦးကို နီက အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် တရား လွှတ်တော်ရှေ့နေဦးကိုနီက တရား ရေးနဲ့ပတ်သက်ပြီး ""အုပ်ချုပ်ရေးပိုင်း ကထိန်းကျောင်းဖို့မရှိဘူး၊ ခိုင်းဖို့ပဲရှိ တယ်။ ဒါလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အနေအထား၊ တရားသူကြီးကိုခန့်တဲ့ ပုံစံစနစ်ဆိုတဲ့ ခန့်အပ်ပုံသဏ္ဌာန်မှာပင်ကို ကျွန် တော်တို့အားနည်းချက်တွေ တွေ့နေရတယ်""ဟု ဆွေးနွေးပွဲတက်ရောက် လာသူများကိုပြောသည်။၁၉၄၇ ဖွဲ့စည်းပုံအခြေဥပဒေ ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်စဉ်က တရားသူကြီးများကို ရွေးချယ်ရာ တွင် ပြည်သူတစ်ရပ်လုံးကိုကိုယ်စား ပြုသည့်ပူးတွဲလွှတ်တော်နှစ်ရပ်က ရွေးချယ်အတည်ပြုပြီးမှ သမ္မတ ခန့်အပ်ရခြင်းဖြစ်ကြောင်း၊

ယင်းတို့ကိုခန့်သည့်သူများမှာ ပြည်သူဖြစ် ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ တရားသူကြီးများကို ခန့် အပ်ရာတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးချုပ်အပါအ၀င်တရားသူကြီးများကို နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းပြီး လွှတ်တော်ကငြင်းခွင့် မရှိဘဲအတည်မပြုမနေရပြုပေးရ ကြောင်း၊ အုပ်ချုပ်ရေးဌာနအကြီး အမှူးကခန့်သည့် တရားသူကြီးများ က တရားရေးအလုပ်ကိုလုပ်သည် ဆိုသည့်အတွက် အုပ်ချုပ်ရေးနှင့် တရားရေးသည် အထက်အောက်ကို ဖွဲ့စည်းပုံအရမြင်သာနေကြောင်း ၎င်းင်းကဆက်လက်ပြောသည်။
ယင်းနောက် ဦးအောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) (ပြည် ထောင်စုတရားလွှတ်တော်)၊ ဦးဌေးဦး(စိန်ဂျွန်း) တရားလွှတ်တော်ရှေ့နေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) တို့က တရားရေးမဏ္ဍိုင်နှင့်ပတ်သက် ပြီး ဆက်လက်ဆွေးနွေးခဲ့ကြရာ တက် ရောက်လာကြသူများက မေးခွန်း များမေးမြန်းခဲ့ကြပြီး ၎င်းင်းတို့ကပြန် လည်ဖြေကြားခဲ့ကြသည်။အဆိုပါဆွေးနွေးပွဲပြုလုပ်ရ ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ဦးဆောင် ကော်မတီဝင်ဦးထွန်းကြည်က ""အင်း စိန်ထောင်မှာ အနည်းဆုံး အကျဉ်း သားဦးရေသုံးထောင်ကနေ အများ ဆုံးငါးထောင် သတ်မှတ်ထားပေမယ့် လက်ရှိမှာသောင်းကျော်နေတဲ့ အတွက်ကြောင့် တရားဥပဒေစိုးမိုး ရေးထိခိုက်နေမှုတွေ၊ တရားရေး
မဏ္ဍိုင်ပျက်စီးယိုယွင်းနေမှုတွေကို ထောင်တွေက လက်တွေ့ကျကျ ထင်
ဟပ်ပေါ်လွင်နေပါတယ်။ဒါတွေကို မီးမောင်းထိုးပြရမယ်။ ဒါမှသာ တရား စီရင်ရေးမဏ္ဍိုင်၊ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ၊ ဥပဒေဘက်တော် သားတွေအနေနဲ့ ဒီကိစ္စတွေကိုအချိန် မီပြုပြင်ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ချက် နဲ့ ယခုလိုပြုလုပ်ရခြင်းဖြစ်ပါတယ်"" ဟု နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။
အဆိုပါဆွေးနွေးပွဲကို ဦးအောင် ၀င်း၊ ဒုတိယညွှန်ကြားရေးမှူးငြိမ်း (ပြည်ထောင်စုတရားလွှတ်တော်)၊ ဦးကိုနီ၊ တရားလွှတ်တော်ရှေ့နေနှင့် ဦးဌေးဦး(စိန်ဂျွန်း)တရားလွှတ်တော် ရှေ့နေ၊ (အမျိုးသားလွှတ်တော်ကိုယ် စားလှယ်)တို့က ဦးဆောင်ဆွေးနွေး ကြပြီး ဦးခင်မောင်ဝင်း (Director: Justice For All Law Firm က Moderatorအဖြစ် ဆောင်ရွက်ခဲ့
ကြောင်းသိရသည်။
HWA, KMN

No comments:

Post a Comment