Monday, November 28, 2016

ကျောက်ဖြူယာယီကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များ သိန်း ၂၀ တန် လုံးချင်းနေအိမ်များသို့ ရွှေ့ပြောင်းနေထိုင်ရန် ငြင်းဆန်နေ

ရခိုင် ပြည်နယ် ကျောက်ဖြူမြို့ ကညင်တော ယာယီကယ်ဆယ်ရေးစခန်းရှိ ဒုက္ခ သည်များအနေဖြင့် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပြုလုပ်ထားသည့် သိန်း ၂၀တန် နေအိမ်စခန်းသစ်သို့ ပြောင်း ရွှေ့နေထိုင်ရန် ငြင်း ဆန်နေကြောင်း ကျောက်ဖြူမြို့ ဒုက္ခသည်များကြီးကြပ် ရေးကော်မတီမှ သိရသည်။ ဒုက္ခသည်များအနေဖြင့် လက်ရှိ နေထိုင်နေရသည် ယာယီကယ်ဆယ် ရေးစခန်းမှနေ၍ စားဝတ်နေရေး အတွက် အလုပ် အကိုင်အခွင့်အလမ်း များ လွယ်လင့်တကူဖန်တီးနိုင်ခြင်း၊ သားသမီးများ အတွက် ကျောင်းများနှင့် နီးစပ်မှုရှိသည့်အပြင်စခန်းသစ်သို့ ရွှေ့ြေ ပာင်းနေထိုင်ရေးကိစ္စနှင့်ပတ်သက် ပြီး ဒုက္ခသည်များဘက်မှ အဓိကတောင်း ဆိုထားသည့် မြို့တွင်းလမ်းများကဲ့သို့ ခိုင်မာသည့်ကွန် ကရစ်လမ်း၊ ကျောက် ချောလမ်းများနှင့်လျှပ်စစ်မီးဖြည့်ဆည်း ပေးနိုင်မှုမရှိခြင်းတို့ကြောင့် ပြောင်း ရွှေ့ရန် ငြင်းဆန်နေခြင်းဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။


""လမ်းတွေ၊ အိမ်သာတွေနဲ့ ရေ မြောင်းတွေ အကုန်ဖောက်ပေးပါပြီ။ ဒါပေမဲ့ ဒုက္ခသည်တွေက လျှပ်စစ်မီး နဲ့ လမ်းတွေကိုလည်း မြို့တွင်းလမ်းလို ခိုင်ခိုင်မာမာ ကျောက်လမ်း၊ ကွန်ကရစ် လမ်းတွေလို တောင်းဆိုတယ်။ သူတို့ တောင်းတဲ့အပေါ်မှာ ကျွန်တော်တို့ ဘက်ကလည်း သူတို့ပြောတဲ့ အဆင့် ထိလုပ်ပေးဖို့ အဆင်မပြေသေးတဲ့အနေအထားမှာ
ဒုက္ခသည်တွေက ပြောင်းရွှေ့ဖို့ငြင်းဆန်တာပေါ့။
သူတို့ လိုလားတဲ့ လမ်းနဲ့ လျှပ်စစ်မီးကိုလည်း ပြည်နယ်အစိုးရဆီကို တင်ထားပါ တယ်။ ဘတ်ဂျက်မကျသေးလို့ပါ""ဟု ဒုက္ခသည်များကြီးကြပ်ရေးကော်မတီ ၀င် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းအေးက ပြောသည်။အဆိုပါဒုက္ခသည်စခန်းတွင်
အိမ်ထောင်စု ၆၅ စုနှင့် ဒုက္ခသည် ဦးရေ ၃၃၀ ကျော်ရှိပြီး နေရာသစ် စခန်းသို့ ချထားပေးရေးနှင့်ပတ်သက် ပြီး ပြည်နယ်အစိုးရအစီ
အစဉ်ဖြင့် ကျောက်ဖြူမြို့ပြင် ဖြူမော်ကျေးရွာ အနီးတွင် သိန်း ၂၀ တန် လုံးချင်းနေ အိမ် ၆၅ လုံးအား ပတ္တမြားဒေ၀ီကုမ္ပဏီ မှ ၂၀၁၅ ခုနှစ် မတ်လတွင်းက ဆောက်လုပ်ပြီးစီးထားပြီးဖြစ်ကြောင်း သိရသည်။
""ဒီနေရာက မြို့နဲ့နီးပြီး အလုပ် အကိုင်အတွက် သဟဇာတကောင်း ပါတယ်။
စခန်းသစ်ကို ရွှေ့ပြောင်းဖို့ က လမ်းလည်းမကောင်း၊ လျှပ်စစ်မီး လည်းမရှိဘူး။ သားသမီးပညာရေး အတွက် ကျောင်းနဲ့လည်း
ဝေးပါတယ်။ အဲဒီနေရာသစ်ကို ပြောင်းရွှေ့သွားရင် စားဝတ်နေရေးအတွက် အရမ်းခက်ခဲ သွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တောင်း ဆိုထားတဲ့ ရာသီစုံသွားလို့ရမယ့် လမ်း နဲ့ လျှပ်စစ်မီးအဆင်ပြေရင် အချိန် မရွေး ရွှေ့ပြောင်းမှာပါ""ဟု ကညင် တော ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခ သည် ဦးနိုင်ဝင်းက ပြောသည်။
ဒုက္ခသည်များ တောင်းဆိုထား သည့်အချက်များအား ဘတ်ဂျက်မ ကျမီ ဆိုင်းငံ့ထားပြီး ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရေး
ကော်မတီအနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ကာပြောင်း
ရွှေ့နေရာချထားပေးရန် ဒုက္ခသည် များ၊ဒုက္ခသည် ခေါင်းဆောင်များနှင့်
အကြိမ်ကြိမ်ညှိနှိုင်းစီစဉ်ခဲ့သော်လည်း ဒုက္ခသည်များဘက်မှ ရွှေ့ပြောင်းရေး အစီအစဉ်များကို လက်မခံဘဲ ငြင်း ပယ်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒုက္ခသည်များမှာ ရခိုင် ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် နေအိမ် များ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒုက္ခ သည်များအဖြစ် ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် လက်ရှိယာယီ ကယ် ဆယ်ရေးစခန်းတွင် ငါးနှစ်တာနေ ထိုင်လာခဲ့ကြသူများဖြစ်ကြောင်း သိရ သည်။
AYKK(MMK)

No comments:

Post a Comment