Friday, November 25, 2016

အခြေခံပညာကျောင်းများမှ စာမလိုက်နိုင်သည့်ကလေးများကို အဖွဲ့တစ်ဖွဲ့ဖြင့် သီးသန့်အချိန်ပိုများသင်ကြားပေးနိုင် ရန်ညွှန်ကြားထားဟုဆို

ပညာရေးဝန် ကြီးဌာနမှ အခြေခံပညာကျောင်းများ တွင်တက်ရောက်နေသော ကျောင်း သား၊ ကျောင်းသူများ ကျောင်းပြင်ပ သို့မရောက်ရှိစေရန် ကျောင်းပျက် ကွက်သော၊ စာမလိုက်နိုင်သော က လေးများကို အဖွဲ့တစ်ခုပြုလုပ်ပြီး သီးသန့်အချိန်ပိုများ သင်ကြားပေးနိုင် ရန်ညွှန်ကြားထားကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနမှ ယခု ပညာသင်နှစ်တွင် ကျောင်းနေနှုန်း များမြင့်မားလာစေရန်၊ ကျောင်းနေ မြဲနှုန်းများ မြင့်မားလာစေရန်နှင့် ကျောင်းထွက်နှုန်းများ နည်းပါးစေ ရန်အတွက် စာသင်နှစ်အစမှစတင် ပြီးဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်း သား၊ ကျောင်းသူများ စာမေးပွဲကျရှုံး သည့်အတွက် ကျောင်းပြင်ပသို့မ ရောက်ရှိစေရန်အတွက်ကိုလည်း ဆောင်ရွက်လျက်ရှိရာ ကျောင်းပျက် ကွက်လေ့ရှိသော၊စာမလိုက်နိုင်သော ကျောင်းသား၊ ကျောင်းသူများကို ကျား-၂၊ မ-၂ လေးယောက်တွဲစနစ် ဖြင့်အဖွဲ့ဖွဲ့ပြီး အချိန်ပိုများကို ကျောင်း ချိန်အတွင်း၌ဖြစ်စေ၊ ကျောင်းချိန် ပြင်ပ၌ဖြစ်စေ သင်ကြားဆောင်ရွက် ရန် ညွှန်ကြားထားကြောင်း တိုင်းဒေ သကြီး ပြည်နယ်ပညာရေးမှူးရုံးများ မှ သိရသည်။

""ကျောင်းတွေမှာ တချို့ကလေး တွေက စာမလိုက်နိုင်ကြဘူး။ ကျေး ရွာတွေက ကလေးတွေဆိုရင် မိဘ ရဲ့အလုပ်တွေကို လိုက်သွားရတာတွေ ကြောင့် ကျောင်းပျက်တာတွေရှိတယ်။ သူတို့တစ်တွေကို ကျောင်းတက်လက်စနဲ့ ကျောင်းပြင်ပကိုရောက်မသွား အောင် ဘယ်လိုလုပ်ကြမလဲဆိုပြီးဝိုင်းစဉ်းစားလိုက်တဲ့အခါကျတော့
ကျောင်းပျက်တဲ့သူ၊ စာမလိုက်နိုင် တဲ့ကလေးတွေကို သတ်သတ်အဖွဲ့ လေးတွေဖွဲ့ပြီး ဆွဲခေါ်ဖို့လုပ်တာပေါ့။ ကလေးတွေကို ကျောင်းပြင်ပမရောက် စေချင်တာပေါ့။ အဖွဲ့လေးတွေဖွဲ့ပြီး တော့ ဆရာ၊ ဆရာမကလည်းထိန်း ပေးမယ်။ သူတို့အချင်းချင်းလည်း ထိန်းပေးမယ်ဆိုရင် စာမေးပွဲဖြေရင်အခက်အခဲနည်းသွားနိုင်တာပေါ့။
သူတို့ကို ကျောင်းချိန်မှာရော၊ ကျောင်း ချိန်ပြင်ပမှာပါ အချိန်ပိုတွေခေါ်ပြီး တော့
သတ်သတ်လုပ်ပေးတယ်။ တချို့ ဆရာတွေက ဒေသအခြေအနေပေါ် မူတည်ပြီး စေတနာနဲ့ သူတို့အားတဲ့ အချိန်တွေမှာ လိုက်ပြီးသင်ပေး
တာ တွေလုပ်ကြတယ်"" ဟု ပဲခူးတိုင်းဒေသ ကြီးအရှေ့မှ တာဝန်ခံညွှန်ကြားရေး မှူး ဒေါ်မြင့်မြင့်သန်းက နိုဝင်ဘာ ၂၄ ရက်က ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ အခြေ ခံပညာအဆင့်အလိုက် ကျောင်းထွက်
နှုန်းများလျော့နည်းအောင် အလေး အနက်ထားဆောင်ရွက်ရန်နှင့် ပညာ ရေးအဓိကမူဝါဒဖြစ်သည့် မူလတန်း သင်ကလေးများအားလုံး မူလတန်း အဆင့် သင်ယူပြီးမြောက်ရမည်ဖြစ် သည့်အတွက် ကလေးများကျောင်း မထွက်စေရေး စနစ်တကျစီမံချက်
ရေးဆွဲ၍ ဖြည့်ဆည်းသင်ကြားခြင်း၊ အချိန်ပိုသင်ကြားခြင်းများဆောင် ရွက်ရန် ညွှန်ကြားထားသည်။
""ပညာရေးဌာနက စာတွေကသိပ်ပြီးတော့ရှင်းလင်းခြင်းမရှိဘူး။
မလည်ရှုပ်တွေဖြစ်နေတယ်။ အောက် ခြေက ဆရာ၊ ဆရာမတွေကလည်း ညွှန်ကြားစာကိုဖတ်ပြီး ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိဘူး။ ကိုယ့်ဟာ ကိုယ်
နီးစပ်ရာမှာမေးမြန်းပြီးလုပ် နေကြရတယ်။ အခုအဲဒီလေးယောက် တွဲပြီး လုပ်ရမှာကလည်း အချိန်ပိုလို့ လည်းပြောတယ်။ လေးယောက်တွဲ ပြီး စစ်ရမှာလို့လည်းပြောနေတယ်။ ညွှန်ကြားချက်ထုတ်မယ်ဆိုလည်း ရှင်းရှင်းလင်းလင်းထုတ်ပေးသင့်တယ်""ဟု မကွေးတိုင်းဒေသကြီး တောင် တွင်းကြီးမြို့နယ်မှ မူလတန်းကျောင်းအုပ်တစ်ဦးက ပြောသည်။
အခြေခံပညာကဏ္ဍတွင် အခြေ ခံပညာကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၂ သန်းကျော်ရှိပြီးပညာရေး ၀န်ထမ်းပေါင်း လေးသိန်းကျော်ရှိ ကြောင်း သိရသည်။
ATK

No comments:

Post a Comment