Wednesday, November 23, 2016

ကလင်တန်လှုံ့ဆော်ရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ပြန်လည်စစ်ဆေးပေးရန် ကွန်ပျူတာသိပ္ပံပညာရှင်များ တိုက်တွန်း

ဝင်ကောင်စင်၊ မီချီဂန်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ် စုစုပေါင်းမဲရလဒ်များကို ပြန်လည်ရေတွက်ပေးရန် ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပြည်နယ် ၃ ခုရှိ စုစုပေါင်းမဲရလာဒ်ကို နှစ်ဆရေတွက်မိခြင်း သို့မဟုတ် အဟက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကွန်ပျူတာ သိပ္ပံပညာရှင်များက ယုံကြည်သည်ဟုဆိုသည်။ ထို့ပြင် ပြီးခဲ့သည့် ကြာသပတေးနေ့က ၄င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို ကလင်တန်အဖွဲ့ထံတင်ပြခဲ့သည်ဟုသိရသည်။
မီချီဂန်တက္ကသိုလ် ကွန်ပျူတာလုံခြုံရေးနှင့် လူမှုအသိုင်းအ၀န်းစင်တာမှ ညွှန်ကြားရေးမှူး ဂျေ အဲလက်စ် ဟယ်ဒလာမန်းက စက္ကူမဲ နှင့် အမြင်ပိုင်းဆိုင်ရာ Scanner များထက် အီလက်ထရောနစ်မဲပေးမှုများဖြင့် မဲပေးခဲ့ကြသော ကလင်တန် ရှုံးနိမ့်ခဲ့သည့် ဒေသ ၃ ခုအပေါ် မေးခွန်းထုတ်စရာများ ရှိနေသည်ဟု ယုံကြည်ကြောင်းကို ကလင်တန်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ပြောပြခဲ့သည်ဟုဆိုသည်။ အဆိုပါ ကွန်ပျူတာသိပ္ပံပညာရှင်အဖွဲ့က ကလင်တန်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဥက္ကဌ ဂျွန် ပိုဒတ်စတာ နှင့် အထွေထွေ ညှိနှိုင်းရေးမှူး မက်စ် အီလီယက် ထံသို့ ဟက်ခံခဲ့ရသည်ဟုယူဆရသော အီလက်ထရောနစ်မဲပေးစက်များကိုသာ အသုံးပြုခဲ့သည့် ပြည်နယ်များတွင် ကလင်တန်က ၇ ရာခိုင်နှုန်းမဲလျော့နည်းရရှိခဲ့သည့်အပေါ် သတိပေးခဲ့သည်ဟုဆိုသည်။ အဟက်ခံခဲ့ရသည့် သက်သေ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော်လည်း အဆိုပါ စနစ်ကိုလွတ်လပ်စွာ ပြန်လည်စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။
Ref:CNN

No comments:

Post a Comment