Monday, November 28, 2016

အက်ဖ် ၃၅ တိုက်လေယာဉ်များကို အမေရိကန်ထံမှ အစ္စရေးမှာယူ

လာမည့်နှစ်အနည်းငယ်အတွင်း ပူးပေါင်းတိုက်စစ်တိုက်လေယာဉ်များကို အစင်းရေ ၅၀ အထိ တိုးမြှင့်သည့် အနေဖြင့် အက်ဖ် ၃၅ အမျိုးအစား အမေရိကန်နိုင်ငံလုပ် တိုက်လေယာဉ် ၁၇ စင်းကို အစ္စရေးနိုင်ငံက မှာယူမည်ဖြစ်ကြောင်းသိရသည်။ ဝန်ကြီးချုပ် ဘန်ဂျမန် နေတန်ယာဟု၏ ရုံးမှ ထုတ်ပြန်သောကြေညာချက်တစ်ခုတွင် လုံခြုံရေးဝန်ကြီးအဖွဲ့က မှာယူရန်ခွင့်ပြုချက်ကို ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ လာမည့်လတွင် ပထမဆုံး အက်ဖ် ၃၅ လေယာဉ်များကို အစ္စရေးနိုင်ငံသို ပေးပို့သွားမည်ဟုဆိုသည်။ အမေရိကန် တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်သည့်အတွက် ရန်သူရေဒါကို ရှောင်လွှဲနိုင်သော တိုက်လေယာဉ်များကို ပိုမိုခိုင်မာလာစေရန် ကတိက၀တ်ပြုခဲ့ကြသည်။ အဆိုပါ ဂျက်လေယာဉ်တွင် ကင်မရာပါရှိပြီး ယာဉ်မောင်းသူအနေဖြင့် ပျံသန်းနေစဉ် မြေပြင်အခြေအနေကို ၃၆၀ ဒီဂရီအနေအထားဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အမေရိကန်သမိုင်းတွင် အကြီးမားဆုံးအနေဖြင့် ဒေါ်လာ ၃၈ ဘီလီယံဖိုးရှိ အစ္စရေးနှင့် ၁၀ နှစ်ကြာစစ်ရေးအစီအစဉ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလတွင် သမ္မတဘားရက်အိုဘားမားက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment