Monday, November 21, 2016

ဆောင်းသီးနှံစိုက်ပျိုးမည့်သူများ မိုးရွာသွန်းမှုများပြားခြင်းနှင့် လုပ်သားရှားပါးခြင်း တို့ကြောင့် စိုက်ပျိုးချိန်နောက်ကျနေကြရ

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခု နှစ်မိုးရွာသွန်းမှုမြင့်မားခဲ့ခြင်းကြောင့် စိုက်ပျိုးမြေ များပေါင်းမြက် များထူ ထပ်စွာပေါက်ခြင်းနှင့် ရေ၀ပ်ခြင်း၊ အစိုဓာတ်များပြားခြင်း တို့ကြောင့် မြေပြင် ရန် အခက်အခဲဖြစ်နေသည့် အပြင် လုပ်သားရှား ပါးမှုအခက်အခဲ လည်း ကြုံတွေ့နေရသည့်အတွက် စိုက်ပျိုးချိန် နောက်ကျနေကြသည်။ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသ ခံအများစုသည် စိုက်ပျိုးရေးလုပ် ငန်းကို အဓိကလုပ်ကိုင်ကြပြီး ယခု နှစ် မိုးရွာသွန်းရက် ၅၄ ရက်အထိ ရှိခဲ့ပြီး မိုးရေချိန်လက်မ ၃၆ ဒသမ ၂၇ လက်မရှိခဲ့ကာ မိုးလွန်ကာလ အောက်တို ဘာနှင့်နိုဝင်ဘာလများ တွင် မိုးရွာသွန်းရက် ၁၆ ရက် ရွာ သွန်းခဲ့မှုကြောင်း မင်းဘူးခရိုင် မိုး လေ၀သဌာနမှ သိရသည်။

" ကျွန်တော်တို့ဒေသမှာ မိုးလွန် ကာလမိုးရွာသွန်းမှုမြင့်မားခဲ့တဲ့အ တွက် မိုးကာလစိုက်ပျိုးထားတဲ့ သီး နှံတွေအထွက်နှုန်း ကျဆင်းပြီး သီးနှံ ပေါ်ချိန်မှာ အရှုံးတွေနဲ့ရင်ဆိုင်ရ တယ်။ ဆောင်းသီးနှံစိုက်ပျိုးဖို့ မြေ ထွန်ယက်နောက် ကျခဲ့လို့ စိုက်ပျိုး ချိန်နောက် ကျရတယ်။ စိုက်ပျိုးစရိတ် မြင့်တက် လာမှုနဲ့လုပ် သား ရှားပါးတဲ့ ပြဿ နာတွေ ကြုံတွေ့နေရတယ် " ဟု ပွင့်ဖြူမြို့ နယ် ရှောက်တောကျေး ရွာမှ ကိုထွန်းမင်းက နိုဝင်ဘာ ၁၉ ရက်တွင်ပြောသည်။
အဆိုပါဒေသမှ တောင်သူများ သည် ဆောင်းသီးနှံစိုက်ပျိုးနိုင် ရန် အောက်တို ဘာလဆန်းပိုင်းမှစတင် ၍ မြေပြင်ထွန်ယက်နေ ကြပြီး မိုး နှောင်း ကာလတွင် မိုးပိုမိုရွာသွန်းခဲ့ မှုကြောင့် စိုက်ပျိုးမြေများ ရေ၀ပ် ခြင်း၊ အစိုဓာတ်များခြင်း တို့ကြောင့် မြေပြင်ရန် အခက်အခဲများကြုံတွေ့ နေရသည်။
"အရင်နှစ်က ထွန်ယက်ခ နွားတစ်ရှဉ်းကို ငှားရမ်းခတစ်မနက် ကျပ် ၅၀၀၀ ရှိရာကနေ အခုနှစ်မှာ ကျပ် ၇၅၀၀ ထိပေးနေရ တယ်။ ထွန်စက်ထွန် ယက်မယ်ဆိုရင် တစ် နာရီကျပ် ၁၅၀၀၀ ကနေကျပ် ၂၀၀၀၀ ထိပေးနေရ တယ်။ အမျိုး သမီးအလုပ်သမား တစ်ဦးကို အရင် နှစ်ကတစ်နေ ကုန်ကျပ် ၃၅၀၀ က နေ အခုနှစ်မှာ ကျပ် ၅၀၀၀ ထိ ပေးနေရတယ်။ လုပ်သားရှား ပါးနေ လို့ လုပ်သားကိုလိုသလောက်ကြို တင်မှာပြီး နေရတယ်။ ဒါကြောင့် အခက်အခဲတွေဖြစ်နေရတယ် " ဟု ကုလားကုန်းကျေး ရွာနေ တောင် သူ ကိုဖိုးကျော်က ပြောကြားသည်။
ယခုနှစ်တွင် သီးနှံအထွက်နှုန်း လျော့နည်းခြင်း၊ သီးနှံဈေးနှုန်းလျော့ နည်းကျဆင်းခြင်း၊ မိုးရွာသွန်းမှုများ ပြားခြင်းနှင့်လုပ်သား ရှားပါးခြင်း တို့ ကြောင့် တောင်သူများအဖို့အရှုံး နှင့်ရင်ဆိုင်နေသည်။
KK

No comments:

Post a Comment