Tuesday, November 22, 2016

မဟာဓာတ်အားလိုင်းချို့ယွင်း၍ နေပြည်တော် ၊ရန်ကုန် ၊မန္တလေးနှင့်မြို့ကြီး အချို့မီးပြတ်

မကွေးတိုင်းဒေသကြီး တောင်တွင်း ကြီးမှ ရွှေတောင် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော မဟာဓာတ်အားလိုင်းသည် ယနေ့ည ၈ နာရီကျော်ခန့်က System Breakdown ဖြစ်၍နေပြည်တော် ၊ ရန်ကုန် ၊မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESE က ထုတ်ပြန်ခဲ့သည်။ "တောင်ငူမှာ ၈ နာရီ ၁၅ လောက်မှာ စပြတ်တယ် ။တစ်မြို့လုံးပဲ ။မန္တလေး၊ မုံရွာ၊ ရွှေဘို ၊ ကန့်ဘလူမှာလည်း ပျက်တယ်လို့ အမျိုးတွေ လှမ်းပြောတယ်"ဟု aတာင်ငူမြို့ မင်းကြီးညိုရပ်ကွက်နေ ဒေါ်ဖြိုးဖြိုးခို်င်က ပြောကြားသည်။ “နေပြည်တော်မှာက နာရီဝက်လောက် ပျက်သွားတယ် ၊ အခု ပြန်လာနေပြီဟု နေပြည်တော် သပြေကုန်းဈေးတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော်တွင် သ ဘာဝဓာတ်ငွေ့သုံး စက်များဖြင့် ဓာတ်အားဖြန့်ဖြူး ပေးနိုင် ရန် ဆောင်ရွက်လျှက်ရှိပါသည် YESE ထုတ်ပြန်သည်။ The Voice

No comments:

Post a Comment