Sunday, November 27, 2016

ဒေါ်နယ်ထရမ့် ကပ်နိုင်ခဲ့သည့် ပြည်နယ်များတွင် မဲပြန်လည်ရေတွက်မည်

ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကို ဒေါ်နယ်ထရမ့် ကပ်နိုင်ခဲ့တဲ့ ၀က်စ်ကွန်ဆန်ပြည်နယ်မှာ မဲတွေကိုပြန်ရေတွက်ပေးဖို့ တောင်းဆိုလာတဲ့အတွက် မဲတွေကို ပြန်လည်ရေတွက်မှာဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ Green Party က ဂျလ် စတိုင်း Jill Stein က တရားဝင် တောင်းဆိုခဲ့တာဖြစ်ပြီး ၀က်ကွန်ဆန် ပြည်နယ်အပြင် မီရှီဂန်ပြည်နယ်နဲ့ ပင်ဇာဗေးနီးယား ပြည်နယ်တွေမှာလည်း ပြန်ရေပေးဖို့ တောင်းဆိုထားပါတယ်။ေ ဒ်ါနယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရမှုအပေါ်မှာ သေးသိမ်စေလိုတဲ့ သဘောမဟုတ်ပေမယ့် အမေရိကန်ရွေးကောက်ပွဲစနစ်ကို ပြန်စစ်ဆေးကြည့်ဖို့ ရည်ရွယ်ပါတယ်လို့ ဂျလ်စတိုင်းက ပြောဆိုပါတယ်။ ကွန်ပြူတာဟတ်ကာတွေကြောင့် ရွေးကောက်ပွဲရလဒ် အပြောင်းအလဲဖြစ်တာမျိုး မဖြစ်စေချင်လို့လို့လည်း ဂျလ်စတိုင်းကပြောပါတယ်။ ဒီမဲတွေကို ပြန်လည်ရေတွက်ခ ရတာနဲ့ တပတ်အတွင်း မဲတွေကို စတင်ရေတွက်မယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။



ဒီ ပြည်နယ် ၃ ခုမှာ မဲတွေကို ပြန်လည်ရေတွက်ခ အမေရိကန်ဒေါ်လာ ၇ သန်းလောက်အထိ ကုန်ကျနိုင်တဲ့အတွက် အဲ့ဒါအတွက်လည်း ဂျလ်စတိုင်းက အလှူခံနေပါတယ်။

လက်ရှိတော့ အမေရိကန်ဒေါ်လာ ၅ သန်းကျော်လောက်ရနေပြီလို့ ဆိုပါတယ်။ ဒေါက်တာဂျလ်စတိုင်းဟာ Green Party ကိုယ်စားပြုပြီး အမေရိကန်သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရလဒ် ၁ ရာခိုင်နှုန်းရရှိခဲ့ပါတယ်ခ။

No comments:

Post a Comment