Monday, November 21, 2016

မူဆယ် ၁၀၅ မိုင် ရဲကင်းပစ်ခတ်ခံရမှု နောက်ဆက်တွဲသတင်း

နိုဝင်ဘာ ၂၀ မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းက ရဲကင်းတိုက်ခိုက်ခံရမှုနောက်ဆက်တွဲအနေနဲ့ တိုက်ပွဲတွေပြင်းထန်လာဖွယ်ရှိတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။ေ လာလောဆယ်မှာတော့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဖို့အတွက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်အုံကြားထဲမှာရှိတဲ့ ဒေသခံတွေကို ၀င်ရောက်တိုက်ခိုက်လာတဲ့လက်နက်ကိုင်အဖွဲတွေ ဘက်ကနေ အမြန်ဆုံးရွှေ့ပြောင်းပေးဖို့ ပြောဆိုထားတယ်လို့ ၁၀၅ မိုင်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာပြောပါတယ်။ "ဆယ်မိနစ်အတွင်းရွှေ့ပြောင်းပေးဖို့ လက်နက်ကိုင်တွေဘက်က ပြောထားတယ်။ အဲ့ဒါကျွန်တော်တို့ကားတွေနဲ့ဒေသခံတွေကို သွားပြီးကယ်ထုတ်နေပါတယ်။ လောလောဆယ်တော့ မူဆယ်မြို့မပေါ်မှာ ဒုက္ခသည်စခန်းတစ်ခုကို ဖွင့်ထားတယ်။ နောက်ထပ်ဖွင့်ရဦးမယ့်ပုံစံရှိနေပါတယ်" လို့ မိုးကုန်ပရဟိတအဖွဲ့ က ကိုမျိုးကပြောပါတယ်။

လက်ရှိ မူဆယ်မြို့ ကုန်သည်ကြီးများအသင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ၁၀၅ မိုင်နဲ့ နမ့်အုံကြားထဲမှာ ပိတ်မိနေတဲ့ဒေသခံတွေကိုသွားရောက်ခေါ်ယူနေတယ်လို့ ကိုမျိုးကပြောပါတယ်။
လက်ရှိမှာတော့ ဒုက္ခသည်စခန်းကို ဒေသခံ ၂၀၀လောက်ရောက်ရှိလာပြီဖြစ်ပြီး သွားရောက်ခေါ်ယူဖို့ ကျန်ရှိနေတဲ့ဒုက္ခသည်တစ်ထောင်လောက်ရှိသေးတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ကတော့တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
အခုဖြစ်စဉ်တွေကတော့ ဒီနေ့မနက် ပိုင်းက ဖြစ်ပွားခဲ့တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ် ရဲကင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့လာရောက်ပစ်ခတ်ပြီးနောက်ဆက်တွဲအခြေအနေတွေပဲဖြစ်ပါတယ်။
ရဲလွင်

No comments:

Post a Comment