Monday, November 21, 2016

မောင်တောတွင် ဖြတ်သန်းသွားလာမှုများ ပိတ်ပင်ထားခြင်းမရှိဟုဆို

 မောင်တောနယ်စပ် ဒေသအတွင်း ဒေသခံများအပါအ ဝင် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း များကို တစ်နေရာမှ တစ်နေရာသို့ သွားလာခွင့်ပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာခွင့်ပြုထား ကြောင်း ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ သတင်းထုတ်ပြန်ရေးကော်မ တီဥက္ကဋ္ဌ စည်ပင်သာယာရေးဝန် ကြီး ဦးမင်းအောင်က ပြောသည်။ အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားပြီးနောက် မောင် တောနယ်စပ်ဒေသရှိ ဒေသခံများ နှင့် အိုင်အင်န်ဂျီအိုအဖွဲ့များကို တစ်နေရာမှ တစ်နေရာသို့ သွား လာခွင့်များ ပိတ်ထားသည်ဆို သည့်သတင်းများ ထွက်ပေါ်နေ ခြင်းအပေါ် ဦးမင်းအောင်က အ ထက်ပါအတိုင်း တုံ့ပြန်ပြောကြား ခြင်းဖြစ်သည်။ ‘‘ပိတ်ထားတာမရှိပါဘူး၊ သွားနေကြတာပဲ။ ဒီနေ့ (နိုဝင်ဘာ ၂၀ ရက်)တောင် ပြည်ထောင်စု ဝန်ကြီးတစ်ဦးနဲ့ ဝန်ကြီးချုပ်တို့ မောင်တောကို သွားနေပါတယ်’’ ဟု ဦးမင်းအောင်က ပြောသည်။



မောင်တောနယ်စပ်ဒေသ အတွင်း ရိက္ခာဖြန့်ဖြူးရေးလုပ် ငန်းများကို အစိုးရက ပိတ်ထား ခြင်းမရှိဘဲ လုံခြုံရေးစိုးရိမ်မှုများ ကြောင့်သာ မသွားကြခြင်း ဖြစ် ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၏ရိက္ခာဖြန့်ဖြူးရေးလုပ် ငန်းများကို ဆောင်ရွက်ပေးနေ သည့် Asia Green Earth (AGE) အဖွဲ့ ဥက္ကဋ္ဌ ဦးချစ်မြက ပြောကြားသည်။

‘‘အခု လက်ရှိဖြစ်ပွားနေတဲ့ (အကြမ်းဖက်မှု)နေရာတွေက တော့ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြု တယ်။ ဒါပေမဲ့ အခုလောလော ဆယ် နယ်မြေရှင်းလင်းရေးလုပ် နေတဲ့ အဖွဲ့ကတော့ ဒီထဲ(နယ်မြေရှင်းလင်းနေသည့် နေရာ)ကိုလာ ရင် အခြေအနေတွေ ရှုပ်ကုန်လိမ့် မယ်။ မလာပါနဲ့လို့ တားမြစ်ထား တယ်’’ဟု ကမ္ဘာ့စားနပ်ရိက္ခာအ ဖွဲ့ Development Organization (MHDO)မှ တာဝန်ရှိသူ ဦးကျော် မင်းဦးက ပြောသည်။

လက်ရှိ မောင်တောအခြေ အနေမှာ ထူးခြားသည့် ဖြစ်စဉ်များ မရှိသော်လည်း တည်ငြိမ်သည်ဟု ပြော၍မရသေးကြောင်း၊ လုံခြုံ ရေးအခြေအနေအရ တစ်နေရာမှ တစ်နေရာသို့ မသွားရဲဖြစ်နေကြ ကြောင်း မောင်တောမြို့ခံများက ပြောသည်။

အောက်တိုဘာ ၉ ရက်က မောင်တောအခြေစိုက်နယ်ခြား စောင့်ရဲဌာနချုပ်အပါအဝင် ရဲစ ခန်းသုံးခုကို အကာလ်မူလ် မူဂျာ ဟီဒင်န်အဖွဲ့က အကြမ်းဖက်တိုက် ခိုက်ခဲ့ပြီးနောက် မောင်တောခရိုင်အတွင်း ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၏ရိက္ခာဖြန့်ဖြူးရေးလုပ် ငန်းများက မောင်တောမြို့နယ် ကြက်ရိုးပြင်၊ ငါးစားကြူး၊ ပြောင် ပိုက်နှင့် ဝက်ပစ်(ဝပိတ်)ဘင်္ဂါလီ ကျေးရွာများမှ လူဦးရေ ၇,၂၃၂ ဦး အတွက် ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ ကို ထောက်ပံ့ထားကြောင်း ထုတ်ပြန်ထားသည်။ မောင်ကံ

No comments:

Post a Comment