Tuesday, November 29, 2016

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း ၄ နှစ်ပြည့် ဆန္ဒထုတ်ဖော်

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ က ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းအား မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့မှု ၄ နှစ်ပြည့်အဖြစ် လက်ပံတောင်းတောင် ဒေသခံများက အင်အား ၂၀၀ နီးပါးဖြင့် ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) မွန်းလွဲ ၃ နာရီခန့်က ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရန်၊ လူထုလက်မခံသော ကြေးနီစီမံကိန်း ကြေးနီသယ်ယာဉ်များ လုံးဝဖြတ်သန်းခွင့်မပြုရန်နှင့် မီးလောင်ဗုံး တရားခံများအား အမြန်ဆုံးဖော်ထုတ်ပေးရေး စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရုံးရှိရာ မုံရွာ-ပုသိမ် လမ်းဆုံတွင် ကြွေးကြော်ဆန္ဒထုတ်ဖော်နေလျက် ရှိကြောင်း သိရသည်။ ■ စိုးမိုးထွန်း (မုံရွာ)

No comments:

Post a Comment