Saturday, November 19, 2016

နိုင်ငံတကာအမြင်တစ်ခုတည်းနှင့်စီးပွားရေးပြသနာဖြေရှင်း၍ မရနိုင်ဟု ပြည်ခိုင်ဖြိုးဥက္ကဌဆို

ပြည်​သူများရဲ့စီးပွား​ရေးအကျပ်​အတည်း​ဖြေရှင်းဖို့ နိုင်​ငံတကာ အမြင်​တစ်​ခုတည်းနဲ့လုပ်​​ဆောင်​လို့ မ​အောင်​မြင်​နိုင်​ဘူးလို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသန်း​ဌေးက ​ပြောကြားလိုက်​ပါတယ်​။ နိုဝင်ဘာ ၁၉ ရက်နေ့မှာနေပြည်တော် ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ပြုလုပ်တဲ့  မြန်မာနိုင်ငံစီးပွားရေး ဆိုင်ရာဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ၄င်းကအထက်ပါအတိုင်းပြောကြားခဲ့တာပါ ။ "မြန်​မာပြည်​တွင်းမှာရှိတဲ့ ပကတိကို ထည့်​သွင်းစဉ်းစားရမယ်​ ။နိုင်​ငံတကာ အဖွဲ့အစည်း​တွေ​ပြောမှ မှန်​တယ်​ဆိုတာ တိုင်းပြည်​တည်​​ဆောက်​​ရေးမှာ အမြဲတမ်းမမှန်​နိုင်​ဘူး"လို့သူကဆိုပါတယ်​။ ယခု​ဆွေး​နွေးပွဲမှ စီးပွား​ရေးဆိုင်​ရာ​ဖော်​ထုတ်​ချက်​​တွေကို လက်​ရှိ အစိုးရအ​နေနဲ့ ပြည်​သူ​တွေကြုံ​တွေ့​နေရတဲ့ စီးပွား​ရေးအကျပ်​အတည်းကို ​ဖြေရှင်းဖို့ အသုံးပြုချင်​လည်း အသုံးပြုနိုင်​တယ်​လို့ သူကဆိုပါတယ်​။ အဆိုပါဆွေးနွေးပွဲကိုယနေ့နံနက် ၉နာရီမှ ညနေ ၃ နာရီအထိပြုလုပ်မှာဖြစ်ပြီး ဝန်ကြီးဟောင်းများ ၊ စီးပွားရေးပညာရှင်များတက်ရောက်နေကြပါတယ် ။ စိုင်းလမင်း

No comments:

Post a Comment