Thursday, November 24, 2016

တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ မြန်မာကိုယ်စားလှယ်အဖွဲ့များကို ပြည်ပနိုင်ငံများသို့ မလိုအပ်ဘဲစေလွှတ်ခြင်းမပြုရန် ညွှန်ကြားထားဟုဆို

ပြည်ပ နိုင်ငံများမှ ဖိတ်ကြားလာသော်ငြား တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှ မြန်မာကိုယ်စားလှယ်အဖွဲ့များကို မလို အပ်ဘဲစေလွှတ်ခြင်း မပြုရန်အဆင့် မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားထား ကြောင်း သိရသည် ။နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နေသော မြန်မာ တက္ကသိုလ်များ၊ ပြည်ပအဖွဲ့အစည်း များမှ တက္ကသိုလ်နှင့် သက်ဆိုင်သော၊ ဆရာဆရာမများနှင့် သက်ဆိုင်သောကိစ္စရပ်များကို လေ့လာရန်ဖြစ်စေ၊ ဆွေးနွေးပွဲတက်ရောက်ရန်ဖြစ်စေ ခေါ် ယူမှုများရှိပါက မလိုအပ်ဘဲ တက္ကသိုလ်ဆရာဆရာမကိုယ်စားလှယ်အဖွဲ့များ ကို စေလွှတ်ခြင်းမပြုရန်နှင့် လွှတ်ရန် လိုအပ်ပါက အနည်းဆုံးကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်စေ
လွှတ်ရန်အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားထားကြောင်း သိရသည်။

""ညွှန်ကြားရတဲ့အကြောင်းအသေးစိတ်တော့မသိဘူး။ ဖြစ်နိုင်တာက တော့ ပြည်ပခရီးစဉ်တွေများလာရင် တက္ကသိုလ်တွေမှာ အလွှတ်ခံရတဲ့ သူ နေရာကို အစားမ၀င်နိုင်လို့ ကျောင်း သားကျောင်းသူတွေအတွက် သင်ကြား ရေးမှာ ဒုက္ခရောက်မှာစိုးလို့ ယူဆ တယ်""ဟု အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)မှ ညွှန်ကြားရေးမှူးဖြစ်သူက နိုဝင်ဘာ ၂၂ ရက်က ပြောသည်။
ပြည်ပသို့စေလွှတ်ခြင်းခံရသော ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ပြည် ပမှ ပြန်လည်ရောက်ရှိလာပါက ခရီး စဉ်မှရရှိလာသော အကျိုးအပြစ်များ ဖော်ပြပါရှိသည့် အစီရင်ခံစာကို စိ စစ်နိုင်ရန်အတွက် မပျက်မကွက်ပြန် လည်ပြုစုတင်ပြရန်ကိုလည်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
""ပြန်လာရင်အစီရင်ခံစာ ပြန် တင်ရတာကတော့ သွားတဲ့သူတိုင်းတင် ရတာပါ။ လေ့လာရေးသွားတယ်ဆို ရင်လည်း ဟိုမှာဘာတွေလေ့လာခဲ့ ရတယ်။ ဘာတွေမှတ်သားစရာဖြစ်ခဲ့ တယ်ဆိုတာတွေကို ပြန်လည်တင်ပြ ရပါတယ်။ ဆရာတွေသွားမှ တင်ပြ ရတာမျိုးမဟုတ်ပါဘူး။ ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေ သွားရင်လည်း အစီရင်ခံစာက ပြန်တင်ရပါတယ်။ အဆင့်အလိုက်သူ့အထက် လူတွေဆီ ကို ပြန်အစီရင်ခံရတာထုံးစံပါ""ဟု ၎င်းင်းက ဆက်လက်ပြောသည်။
ယင်းကိစ္စကို ပညာရေးဝန်ကြီး ဌာန၊ ၀န်ကြီးရုံးမှ အဆင့်မြင့်ပညာဦးစီးဌာန
သို့ ညွှန်ကြားထားခြင်းဖြစ် ပြီး အဆင့်မြင့်ပညာဦးစီးဌာနမှ တက္က သိုလ်၊ ဒီဂရီကောလိပ်များသို့ ထပ် ဆင့်ညွှန်ကြားထားကြောင်း သိရ သည်။ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာဦးစီးဌာနလက်အောက် တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၅၀ ကျော်ရှိကြောင်း သိရသည်။
ATK

No comments:

Post a Comment