Wednesday, November 23, 2016

မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ

November 22, 2016 နံနက် ၁၀ နာရီ ခန့်တွင် ဟိုမွန်ရပ်ကွက်ရှိ လမ်းဦးစီးဌာနရုံးဝန်းအတွင်း မြေတွင်စိုက်ဝင်နေသော မပေါက်ကွဲသေးသည့် စိန်ပြောင်းပစ်ဗုံးသီးတစ်လုံး တွေ့ရှိရပြီး တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်းရာ တရုတ်နိုင်ငံလုပ် 95 နံပတ်ပါ အစိမ်းရောင် ဒလက် ၈ ခုဖြင့် အလျား ၁ ပေ ခန့်ရှိ မပေါက်ကွဲသေးသည့် စိန်ပြောင်းပစ် ဗုံးသီးတစ်လုံး ဖြစ်ကြောင်း သိရသည်။ အလားတူ နိုဝင်ဘာ ၂၁ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် မူဆယ်မြို့၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားရပ်၊ မြို့ပတ်လမ်းမှ မြို့မ အားကစားကွင်းသို့သွားရာ ပန်မှတ်နိုင် လမ်းဘေး ချုံစပ်အတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အနီးရှိ နေအိမ် နံရံအား ကျောက်ခဲစများ ထိမှန်ခဲ့သည်။ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါ နေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီးတွင် ဓါတ်ခဲ အသေး (၅) လုံးပါ ဓါတ်ခဲပတ် (၁) ခု၊ ၎င်းနှင့် ဆက်သွယ်ထားသည့် ဝါယာကြိုးများအား တွေ့ရှိခဲ့သည်။

No comments:

Post a Comment