Monday, November 21, 2016

မုံရွာတွင် ရဲတပ်သားသစ် လေ့ကျင့်ရေးသင်တန်းကျောင်း ဖွင့်လှစ်မည်

မုံရွာမြို့ အိုးဘိုထောင်ရပ် ကွက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲတပ်သားသစ်လေ့ကျင့် ရေး သင်တန်းကျောင်းကို နိုဝင် ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ် မည်ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိ ယ ရဲမှူးကြီးချင်းစိန်က ပြောကြား သည်။ေ လးလကြာမြင့်မည့် ရဲတပ် သားသစ် လေ့ကျင့်ရေးသင်တန်း တွင် ကျောင်းအုပ်ကြီးအပါအ၀င် သင်တန်းနည်းပြ ၂၄ ဦးက သင် ကြားပို့ချမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှ သင်တန်းသား ၆၅ ဦး နှင့် ချင်းပြည်နယ်မှ သင်တန်းသား ၃၀ ကျော် စုစုပေါင်း ရဲတပ်သား သစ်သင်တန်းသား ၁၀၀ ခန့် တက်ရောက်မည်ဖြစ်သည်။  ‘‘အခြေခံပညာ အရည်အ ချင်း ရှစ်တန်းအောင်ကစပြီး တက် ရောက်လို့ရပါတယ်။ ၁၀တန်း အောင် ဘွဲ့ရတွေလည်းပါတယ်။ ဘွဲ့ရတွေက ဒုရဲအုပ်သင်တန်း လျှောက်ထားနိုင်ပါတယ်။ ၁၀ တန်းအောင်ကတော့ လေးနှစ် စောင့်ပြီးမှ ဒုရဲအုပ်လျှောက်လို့ရ တယ်။ ရှစ်တန်းအောင်ကတော့ လုပ်သက်အလိုက် ရာထူးအဆင့် ဆင့်ရရှိမှာ ဖြစ်ပါတယ်။ မုံရွာမှာ ရဲတပ်သားသစ် သင်တန်းရှိတဲ့ အ တွက် မိသားစုနဲ့အနီးဆုံးမှာ သင် တန်းတက်ခွင့်ရသလို သင်တန်းပြီး ဆုံးသွားချိန်မှာ မိသားစုနဲ့အနီးဆုံး နေရာမှာ ဦးစားပေးတာဝန်ထမ်း ဆောင်ခွင့် ရမှာပါ’’ဟု ဒုတိယရဲ မှူးကြီးချင်းစိန်က ပြောသည်။


ရဲတပ်သားသစ်လေ့ကျင့်ရေး သင်တန်းကျောင်းမှ အခြေခံစစ် ရေးပြ၊ လက်နက်မဲ့ စစ်ရေးပြ၊ လက်နက်ဖြင့် စစ်ရေးပြ၊ ကြံ့ခိုင် ရေး၊ ဥပဒေဘာသာရပ်နှင့် ပြည် သူဗဟိုပြုရဲလုပ်ငန်း ဘာသာရပ် များအဓိကသင်ကြားပို့ချမည်ဖြစ် ကြောင်း သိရသည်။

မုံရွာတွင် ဖွင့်လှစ်မည့် ရဲတပ် သားသစ် လေ့ကျင့်ရေးကျောင်း တွင် သင်တန်းခန်းမဆောင် တစ် ဆောင်၊ သင်တန်းသားအိပ်ဆောင် နှစ်ဆောင်၊ နည်းပြအိပ်ဆောင်နှင့် ရုံးခန်းတစ်ဆောင်၊ ထမင်းစား ဆောင်နှင့် ချက်ပြုတ်ဆောင်တစ် ဆောင်တို့ကို ဆောက်လုပ်ထား ရှိပြီး ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံတွင် ရဲ တပ်ဖွဲ့ ရဲတပ်သားသစ်လေ့ကျင့် ရေးသင်တန်းကျောင်း လေးခုသာ ရှိခဲ့ပြီး ယခုနှစ်အတွင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ရဲတပ်သားသစ်လေ့ကျင့်ရေး သင်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်က တိုင်း နှင့် ပြည်နယ် ခုနစ်ခုတွင် ရဲတပ် သားသစ်လေ့ကျင့်ရေးသင်တန်း ကျောင်း ခုနစ်ခု ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ယခုလအတွင်း စစ်ကိုင်း တိုင်းဒေသကြီးအပါအ၀င် တိုင်း နှင့်ပြည်နယ် ငါးခုတွင် ရဲတပ်သား သစ်လေ့ကျင့်ရေး သင်တန်းကျောင်း  ငါးခုဖွင့်လှစ်မည် ဖြစ်သည်။ မျိုးမင်းဦး

No comments:

Post a Comment