Tuesday, November 29, 2016

ဖလော်ရီဒါပြည်နယ်တွင် ကျင်းပသည့် နိုင်ငံတကာ သဲရုပ်တု အနုပညာပြိုင်ပွဲ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တောင်ဘက်စွန်းက ကီးလ် ဝက်စ်တ် (Key West) ကျွန်းမှာ နှစ်စဉ်ကျင်းပနေကျ နိုင်ငံတကာ သဲရုပ်တု အနုပညာပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာတဝန်းက သဲပန်းပုအနုပညာရှင်တွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အခုနှစ်နဲ့ပါဆိုရင် ၃ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပခဲ့ကြတာပါ။ ဒီပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ စင်ကာပူနိုင်ငံက သဲပန်းပုပညာရှင် ၆ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကိုယ်အားသန်ရာ အရုပ်တွေကို စိတ်တိုင်းကျပုံဖော်ခဲ့ကြပြီး သဲပန်းပု အရုပ်တရုပ်မှာ သဲနဲ့ ရေအလေးချိန် ကီလို ၆၈၀၀ ကျော်အထိ သုံးစွဲရတယ်လို့ ဆိုပါတယ်။ လာရောက်ယှဉ်ပြိုင်တဲ့ အနုပညာရှင် အားလုံးလိုလိုဟာ ကမ္ဘာ့အဆင့် ကျွမ်းကျင်သူ အနုပညာရှင်တွေ ဖြစ်ကြတယ်။ ဒီအရုပ်တွေကို ကမ္ဘာပေါ်က ဘယ်အနုပညာပြပွဲမှာပဲ ပြပြ၊ တကယ့်ကို လက်ရာမြောက်တဲ့ ခေတ်ပြိုင်အနုပညာရုပ်တွေပါပဲလို့ ဒီပြိုင်ပွဲကို နှစ်စဉ် ဝင်ပြိုင်ခဲ့သူတဦးက ပြောပါတယ်။ သဲပန်းပုပညာရှင်တွေ သူတို့နှစ်သက်ရာအရုပ်ကို ကြိုက်သလို ပုံဖော်ဖန်တီးခဲ့တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။

No comments:

Post a Comment