Friday, November 18, 2016

တစ်ကိုယ်တော်ပွဲအတွက် အပျိုဖြန်းလေးလို ရင်ခုန်နေတဲ့ မေရွက်ဝါ

 အနုပညာသက်တမ်း ၃၅ နှစ်ခရီး အမှတ်တရဖျော်ဖြေ ပွဲပြုလုပ်မည့် အဆိုတော် မေရွက် ဝါက ၎င်း၏ ဂီတသက်တမ်းတစ် လျှောက် ပထမဆုံးအကြိမ် ပြုလုပ်မည့် အဆိုပါဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှားနေကြောင်း ပြော သည်။ ‘‘ရင်တွေလည်း ခုန်နေပါ တယ်။ အသက် (၅၃)နှစ်မှာ ၃၅ နှစ်ခရီး ပရိသတ်တွေနဲ့ တွေ့ဆုံရ မယ်ဆိုတော့ မနေ့တစ်နေ့ကမှ အပျိုဖြစ်တဲ့ အပျိုဖြန်းလေးလိုပဲ ရင်ခုန်နေပါတယ်’’ဟု မေရွက်ဝါ က ပြောသည်။ေ ဖျာ်ဖြေပွဲအမည်ကို 53 & 35 ဟု အမည်ပေးထားပြီး ပရိ သတ်များ ကြိုက်နှစ်သက်မည့် သီချင်းများကို ရွေးချယ်ထားကာ ၎င်း၏ အနုပညာမောင်နှမများက လည်း ဝင်ရောက်အားဖြည့်ဖျော် ဖြေပေးမည်ဖြစ်သည်။



ယင်းကဲ့သို့ ဖျော်ဖြေပွဲပြု လုပ်ရန် ယခင်ကတည်းက စီစဉ် ခဲ့သော်လည်း အဆင်မပြေသော ကြောင့် မကျင်းပဖြစ်ခဲ့ဘဲ ဂီတ သက်တမ်း ၃၅ နှစ်ပြည့်မှသာ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် မေ ရွက်ဝါနှင့်အတူ စိုးပိုင်၊ စည်သူ လွင်၊ ဇော်ပိုင်၊ ဖြိုးပြည့်စုံ၊ အစ္စ ဏီ၊ စိန်လင်း၊ ထွန်းကိုကို၊ နေညီ လ၊ သန်းသန်းနွယ်၊ မိုင်၊ ရတနာ မိုင်၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ အိမ့်ချစ်၊ ဝါဆိုမိုးဦး၊ ဆန်းသစ်လ၊ခင်ပိုးပန်းချီ၊ ငယ်ငယ်ထွေး၊ ဝါး ခယ်မရဲမောင်၊ နေအောင်၊ ဇင် ဝိုင်း၊ မေသန်းနုနှင့် မေရွက်ဝါ၏ ညီအစ်မများက ပါဝင်သီဆိုဖျော် ဖြေကြမည်ဖြစ်သည်။

ဂီတသက်တမ်း ၃၅ နှစ်ပြည့် ဖျော်ဖြေပွဲဖြစ်သကဲ့သို့ ဖျော်ဖြေ ရေးအစီအစဉ်အနေဖြင့်လည်း ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေမှု များအပါအဝင် သီချင်းစုစုပေါင်း ၃၅ ပုဒ် ဖျော်ဖြေမည်ဖြစ်ကြောင်း မေရွက်ဝါက ပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ဒီဇင် ဘာ ၁၀ ရက်ညတွင် အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ကျပ်တစ် သောင်း၊ နှစ်သောင်း၊ သုံးသောင်း နှင့် ငါးသောင်း သတ်မှတ်ထား ကာ မန်းသီရိတေးသံသွင်းနှင့် 1876 Call Center တို့တွင် ရောင်းချပေးမည်ဖြစ်သည်။

အဆိုတော် မေရွက်ဝါသည် ၁၉၈၁ တွင် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး တေးသီချင်းခွေ စုစုပေါင်း တစ်ရာကျော်ထွက်ရှိ ထားသည်။ ဇွဲဉာဏ်

No comments:

Post a Comment