Friday, November 25, 2016

မူဆယ်ခရိုင်အတွင်းဖြစ်ပေါ်ခဲ့သောတိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် လူတစ်သောင်းကျော် အနက် ခြောက်ထောင်ကျော် မူဆယ်ကိုပြန်လည်ရောက်ရှိလာပြီဟုဆို

မူဆယ်ခရိုင် အတွင်းဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ ကြောင့် လူပေါင်းတစ်သောင်းနီးပါး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သော်လည်း ခြောက်ထောင် ကျော်မှာ မြန်မာနိုင်ငံအတွင်းသို့ပြန် လည်ဝင်ရောက်လာပြီဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။ ၂၀၁၆ နိုဝင်ဘာ ၂၀ရက်တွင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)ကျေးရွာ၊ ပန်ဆိုင်း(ကြူကုတ်)မြို့ နမ့်ပေါ်တံတား တို့တွင် တိုက်ပွဲ များ ဖြစ်ပွားခြင်းနှင့် နိုဝင်ဘာ၂၁ရက်တွင် ကောင်းခါးကျေး ရွာ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းကျေး ရွာအနီးတွင်လည်း တိုက်ပွဲ များဖြစ်ပွား ခြင်းတို့ကြောင့် ပြည်သူများ၏ စိုးရိမ် ထိတ်လန့်မှုပိုမိုဖြစ်ပွားပြီး နီးစပ်ရာ သို့ ထွက်ပြေးတိမ်ရှောင်နေ ကြခြင်း ဖြစ်ကြောင်း သိရသည်။ မူဆယ်ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်မှူး ဦးကျော်ကျော်ထွန်းက " တိုက်ပွဲတွေဖြစ် တော့ နီးစပ်ရာ ကိုပြေးရင်းနဲ့ တရုတ် ဘက်ကို ထွက်ပြေးတိမ်းရှောင်တာတစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်း ပါတယ်။ နိုဝင်ဘာ၂၃ရက် မှာတော့ ခြောက်ထောင်လောက် ပြန်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံဘက်မှာ သုံးထောင်လောက်တော့ ကျန်နေဦး မယ်ခန့်မှန်းရပါတယ် " ဟု နိုဝင်ဘာ ၂၄ရက်က ဒီမိုကရေစီတူဒေးသို့ပြော သည်။

နိုဝင်ဘာ၂၄ရက် နံနက်၆နာရီ ၄၀မိနစ်ခန့်တွင် မိုင်းယု(၁၀၅) မိုင်ရှိ တပ်စခန်းအား တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့မှ လက်နက်ငယ်ဖြင့် အဝေးမှ လာရောက်ပစ်ခတ်သည့် သာမန်ထိတွေ့မှု ဖြစ်စဉ်တစ်ရပ်ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ဦးကျော်ကျော်ထွန်းက " ဒီနေ့ (နို ၀င်ဘာ၂၄ရက်)မနက် မှာ ဈေးတွေ ပြန် ဖွင့်ပြီး အေးအေးဆေးဆေးပဲပြော ရမှာပေါ့။ ရောင်း မှုဝယ်မှုလည်း ပုံမှန် ပြန်လုပ်ကြပါတယ်။ မူဆယ်မြို့မှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်တချို့ ကလည်း ပြန်ကြတာတွေရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေး စခန်းတွေမှာရောက်ရှိနေတဲ့ တိုက်ပွဲ ရှောင်အနေနဲ့ကတော့ ၂၈၀၀ကျော် လောက်တော့ ရှိနေ ပါသေးတယ်။ စဖြစ် တဲ့အချိန်လောက် ကတော့ မရှိတော့ ဘူးပေါ့ " ဟုပြောသည်။
လတ်တလောဖြစ်ပွားနေသည့် အခြေအနေများ တည်ငြိမ်အေး ချမ်း စေ ရန်နှင့် ပြည်သူ များလုံခြုံစိတ်ချမှု အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ ကြီး ကြပ်စီမံမှုဖြင့် မူဆယ်မြို့လုံခြုံရေးကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည် သူ့စစ် တပ်ဖွဲ့များဖြစ်သည့် မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်၊ မုံးပေါ်ပြည်သူ့ စစ်နှင့် ဆင်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ ၀င်များမှလည်း တာဝန်ယူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မူဆယ်မြို့လုံ ခြုံရေးအတွက် ၀ိုင်းဝန်း တာဝန် ယူ ဆောင်ရွက်ပေး လျက်ရှိရာ ရဟန်း၊ ရှင်လူ၊ တိုင်းရင်းသားပြည်သူ များအ နေဖြင့် မသမာသူများကြောင့် ဖြစ်ပေါ် လျက်ရှိသည့် ကောလာ ဟလသတင်း များကို ချင့်ချိန်ယုံကြည်ကြရန်လိုအပ် မည်ဖြစ်သလို မလိုအပ်ဘဲ စိုးရိမ်စိတ် လွန်ကဲပြီး မိမိတို့နေအိမ်အသီးသီးကို စွန့်ခွာတိမ်းရှောင်သွားပါက မသမာ သူများက ဖောက်ထွင်း/ခိုးယူ/ဖျက် ဆီးခြင်းများ ပြုလုပ်နိုင်ခြင်း တို့ကြောင့် မိမိတို့နေအိမ်အသီးသီးတွင်ပင် နေ ထိုင်ကြရန် မေတ္တာရပ်ခံ ပန်ကြားချက် ကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံး က နိုဝင်ဘာ၂၃ရက်က ထုတ်ပြန်ခဲ့သည်။
AA

No comments:

Post a Comment