Monday, November 28, 2016

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကိုဗုံးခွဲရန်ကြံစည်ထားသူတစ်ဦးကို ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူအင်ဒိုနီးရှားရဲများ ဖမ်းမိ

အင်ဒိုနီး ရှားရှိ မြန်မာသံရုံးကိုဗုံးခွဲရန်ကြံစည် ထားသူ တစ်ဦးကို ဗုံးလုပ်ရာတွင်အ သုံးပြုသည့် ပစ္စည်းများနှင့်အတူ အင် ဒိုနီးရှား ရဲများမှဖမ်းဆီးထားကြောင်ျးွနကအနမျ သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။ သို့သော် မြန်မာသံရုံးကိုဗုံးခွဲ ရန်ကြံစည်သူသည် အစ္စလာမ္မစ်စစ် သွေးကြွ ဟုသံသယရှိသူဖြစ်ပြီး အင်ဒို အစိုးရရုံးများနှင့် ဂျကာတာ ရှိ မြန်မာ သံရုံး တို့ကိုနောက်လတွင် ဗုံးဖောက် ခွဲရန်စီစဉ်ထားကြောင်း၊ ဗုံးလုပ်ရာ တွင်အသုံးပြု သည့် ပစ္စည်းများကို လည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ သံသယဖြင့် ဖမ်းဆီးရမိသူမှာ အသက် ၂၃ နှစ် အရွယ် ရီယိုပရီယင့်နာဝီ ဘာ ၀ါဖြစ် ကြောင်း ၊ ၎င်း မှာ အစ္စလာမ္မစ်နိုင်ငံ IS တို့ထောက်ပံ့ထားသည့် အင်ဒိုနီးရှား ဌာနခွဲမှဟုယူဆရကြောင်း အင်ဒိုနီး ရှားရဲတပ်ဖွဲ့၏ပြော ခွင့်ရပုဂ္ဂိုလ် ဘွိုင် ရာဖလီအမ်မာမှ နိုဝင်ဘာ ၂၆ ရက် စနေနေ့တွင် ပြောဆို ထားသည်ဟျွုနကအနမျ သတင်းဌာနက ဖော်ပြထား သည်။


လက်ရှိတွင်လည်း နိုဝင်ဘာ ၂၅ ရက်မှစ၍ နိုဝင်ဘာ ၂၆ ရက်အ ထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှု များဆက်တိုက်ဖြစ်ပေါ်နေသဖြင့် အင် ဒိုနီးရှားအစိုးရမှလုံခြုံရေးအင်အား ကို ၃၀၀ ထက်မနည်းတိုးမြှင့် ချထား ပေးကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်း ကသိရသည်။
"ဗုံးခွဲဖို့ကြံစည်သူမိတယ်တို့ ဘာ တို့တော့ သံရုံးဘက်ကအကြောင်း ကြားတာတော့ လောလောဆယ် တော့မရှိသေးပါဘူး။ ဒီမနက် ဖြစ် တာကျွိုနစသမအ လုပ်ထားတာပဲရှိ ပါသေးတယ်။ ဗုံးခွဲဖို့ဆိုတာတော့မ သိဘူး။ ပုံမှန်တော့ ဂျကာတာသံရုံး မှာ ဒီလိုဖြစ်စဉ်ဖြစ်ကတည်းကတော့ ပုံမှန်ရဲတွေက ၃၀၀ ထက်မနည်း ပုံမှန်ချပေးထားတယ်။ ဒါကတော့ ဒီ အထဲက တစ်ယောက် ထက်မနည်း ကြိုးစားတာလည်းဖြစ်ကောင်း ဖြစ် နိုင် မှာပေါ့လေ။ သို့သော်လုံခြုံရေး ဘက်ကတော့ သူတို့ကတော့ မနက် မိုးလင်း ၆ နာရီလောက်ကတည်းက ရောက်ပြီးတော့မှ ကားတွေနဲ့လူက အနည်းဆုံး ၃၀၀ လောက်တော့ ကာ ကွယ်စောင့်ရှောက်နေတဲ့ အနေအ ထားရှိပါတယ် " ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီကပြောသည်။
ယခုရက်ပိုင်း သံရုံးရှေ့ဆန္ဒပြ မှုဖြစ်စဉ်များကြောင့် အင်ဒိုနီးရှား အစိုးရက သံရုံးလုံခြုံရေးကို တာဝန် ယူပေးထားခြင်းဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည်လည်း မည်သည့် နိုင်ငံပင်ဖြစ်စေ ပုံမှန်ဆောင်ရွက် သည့် ဖြစ်စဉ်မျိုးသာဖြစ်ဟု အမြဲ တမ်းအတွင်းဝန်ဦးကျော်ဇေယျက ဆက်လက်ဆိုသည်။
"ဒီမနက်အဲဒီမှာရှိတဲ့ဒေသခံ၊ တက္ကသိုလ်ကလူတွေသူတို့လည်း သူ တို့ရဲ့မြင် တာလေးကိုရှယ်လုပ်တဲ့ သဘောပေါ့။ သံရုံးက တာဝန်ရှိ သူ တွေကလည်း သူတို့ပြောတာလေးတွေ ကို နားထောင်ပေး တဲ့သဘော ရှိတယ်။ မနေ့ကစပြီး သံရုံးရှေ့မှာ ဆန္ဒပြ မှုတွေ စပြီးရှိနေတယ်။ ဒီနေ့လည်း ဆက် ပြီးရှိနေပါ တယ်။ သူတို့ဘာသာသူ တို့၊ သူတို့လည်းသူတို့ရတဲ့အချက်အ လက်ကိုမူ တည်ပြီး ဆန္ဒပြတဲ့သဘော ပါ။ ဆန္ဒပြတယ်ဆိုတာ ကျွန်တော် တို့နိုင်ငံမှာ လည်းပဲရှိသလို ဒီမိုက ရေစီရ ပိုင်ခွင့်ပေါ့။ သူတို့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့အညီပြတဲ့ သဘောပါ။ အဓိကကတော့ ကျွန်တော် တို့ကလုံခြုံရေး အခြေအနေဘယ်လို ရှိလဲပဲသိတယ်။ ဟိုဘက်ကဆန္ဒပြတဲ့ ရည်ရွယ်ချက်တော့ ကျွန်တော်တို့ မသိပါဘူး " ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနအမြဲတမ်း အတွင်းဝန်ဦးကျော်ဇေ ယျကပြောသည်။
ယင်းတို့အနေဖြင့် သံရုံးတွင် တိုးမြှင့်ပေးထား သည့်လုံခြုံရေးအ နေ အထား ကိုသာသိရှိပြီး လာရောက် ဆန္ဒပြသည့် အရေအတွက်ကိုမူ မ သိရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျကဆိုသည်။
အင်ဒိုနီးရှားဒေသဆိုင်ရာ သတင်းများ က ဖမ်းဆီးရမိသော ဖောက်ခွဲရေး ပစ္စည်းများမှာ ၂၀၀၂ ခုနှစ်က ဘာလီနိုက်ကလပ် ကိုဖောက် ခွဲခဲ့ပြီး လူဦးရေ ၂၀၂ ဦးသေဆုံးခဲ့ ရ သည့်ဗုံးအမျိုးအစားထက် နှစ်ဆပြင်း အားကြီး မားကြောင်း Reuters သတင်း က ဖော်ပြထားသည်။
ZCH

No comments:

Post a Comment