Sunday, November 20, 2016

ဗီယက်နမ်နှင့်ပွဲ ရလဒ်ကောင်းရရန် ပြင်ထင်ထားကြောင်း မြန်မာနည်းပြပြော


ဗီယက်နမ်နဲ့ပွဲဟာ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပေမယ့် ရလဒ်ကောင်းရဖို့ပြင်ဆင် ထားတယ်လို့ မြန်မာနည့်းပြ ဂတ်ဇီဆီက ပြောပါတယ်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(ခ)အသင်းတွေရဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၉ ရက်က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး မြန်မာနည်းပြဂတ်ဇီဆီက အခုလိုပြောဆိုခဲ့တာပါ။ြ မန်မာအသင်းမှာ လူငယ်ကစားသမားတွေများတဲ့အပြင် အိမ်ရှင်အသင်းဖြစ်လို့ ပွဲတိုင်းမှာ ဖိအား ရှိတယ်လို့လည်း မြန်မာနည်းပြကပြောပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားခြေ စစ်ပွဲစဉ်တွေနဲ့ ဥရောပခြေစမ်းပွဲတွေမှာ လူငယ်တွေကို ပွဲထွက်ကစားစေခဲ့တာကြောင့် ဗီယက်နမ်အသင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ်လို့ မြန်မာနည်းပြက သတင်းစာ ရှင်းလင်းပွဲ မှာပြောပါတယ်။



မြန်မာပရိသတ်တွေအနေနဲ့ မြန်မာအသင်းကို စိတ်ရှည်ရှည်ထားပြီး အားပေးကြဖို့လည်း နည်းပြဂတ်ဇီဆီကပြောပါတယ်။

ဗီယက်နမ်နည်းပြ ငုရင်ဟူသန်ကတော့ မြန်မာအသင်းမှာ ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ကစားထားတဲ့ ကစာသးမာတွေရှိတဲ့အပြင် ဥရောပထွက်ပြီးလည်း လေ့ကျင့်ထားတာကြောင့် ခက်ခက်ခဲခဲကစားရမှာဖြစ်ပြီး ဘယ်အသင်းကမှ အနိုင်ရဖို့လွယ်ကူမှာမဟုတ်ဘူးလို့ပြောပါတယ်။

အုပ်စု(ခ)မှာ အသင်းတိုင်းက နောက်တဆင့်တက်ဖို့ အခွင့်အရေးဆတူရှိပြီး ဘယ်အသင်းနဲ့ပွဲကမှ လွယ်ကူမှာမဟုတ် ဘူးလို့လည်း ဗီယက်နမ်နည်းပြ ငုရင်ဟူသန်က ပြောပါတယ်။

အာဆီယံဆူဇူကီးဖလား အုပ်စု(ခ)ပွဲစဉ်တွေကို နိုဝင်ဘာ၂၀ ရက်မှာစတင်မှာဖြစ်ပြီး ညနေ ၃ နာရီမှာ မလေးရှားနဲ့ ကမ္ဘောဒီးယား၊ ညနေ ၆ နာ ရီမှာ မြန်မာနဲ့ဗီ ယက်နမ် အသင်းတို့ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ Sport MM v Vietnam  လွှမ်းမိုးအောင်

No comments:

Post a Comment