Friday, November 25, 2016

"တောင်ဒဂုံ၊လဝကရုံးအတွင်းရှိ အမှိုက်ပုံနှင့် အိမ်သာတွင်း အသေးစားပေါက်ကွဲမှုဖြစ်"

တောင်​ဒဂုံမြို့နယ်​ လဝကရုံးအတွင်းရှိ အမှိုက်​ပုံနှင့်အိမ်​သာအတွင်း အ​သေးစား​ပေါက်​ကွဲမှုဖြစ်​ပွားခဲ့​ကြောင်း ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့မှ  တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။ ယ​နေ့ (နိုဝင်​ဘာ၂၄ရက်​)​ နေ့လယ်​ ၁နာရီခွဲတွင်​ ​တောင်​ဒဂုံမြို့နယ်​ရှိ လဝကရုံးအတွင်း  M 150 အချိုရည်​ပုလင်းအတွင်း ဓာတု​ဆေး​ရေ ထည့်​ထားသည့်​  ပုလင်းဗုံး​ပေါက်​ကွဲခြင်း ဖြစ်​​ကြောင်း သတင်းရရှိသည်​။

No comments:

Post a Comment