Saturday, November 19, 2016

အမြန်လမ်းတွင် ယာဉ်တစ်စီး ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းဘေးအလူမီနီယံတန်းအား တိုက်မိပြီး နှစ်ဦးဒဏ်ရာရ

လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂ မိုင် အနီးတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် STAREX ယာဉ်မှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ရာမှ လမ်းမနဘေး ကာရံထားသည့် အလူမီနီယံတန်း ၀င်တိုက်မိပြီး ယာဉ်ပေါ်ပါ ခရီးသည် ၅ ဦးအနက် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က လှည်းကူးမြို့နယ် အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းအပါအ၀င် ကျား၂ ဦး၊ မ ၃ ဦးလိုက်ပါ လာသည့် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ထွန်းရွှေ ၄၈ နှစ်(ဘ) ဦးအောင်၊ အမှတ် ၂၊ ၆ လမ်း ပုသိမ်ညွန့်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ် 6K/---- STAREX ခဲရောင်ယာဉ်မှာ မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြားသို့ အရောက်တွင် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းမယာဘက်ဘေးတွင် ကာရံထားသည့် အလူမီနီယံတန်းအား ၀င်တိုက်မိပြီး ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။



ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် ကိုဖြိုးသူရကျော် ၂၀ နှစ်(ဘ)ဦးကျော်သန်း၊ ၃ ရပ်ကွက် လှိုင်သာယာမြို့နယ် နေသူတွင် ယာခြေသလုံးကျိုးဒဏ်ရာ (အတွင်းလူနာမစိုးရိမ်ရ) နှင့် ဒေါ်သူဇာသန်း ၅၈ နှစ်(ဘ) ဦးကျင်သန်း၊ ဇလပ်ဖြူလမ်း ၈ ရပ်ကွက်၊ ဒဂုံအရှေ့ မြို့နယ်နေသူတွင် နဖူးယာဘက် ဖူးရောင်ဒဏ်ရာ (ပြင်ပလူနာ မစိုးရိမ်ရ) များ အသီးသီး ရရှိသွားခဲ့ရာ ဒဏ်ရာရရှိသူ နှစ်ဦးအား အမြန်လမ်း ရဲတပ်ဖွဲ့ပိုင် ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသ ပေးထားကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းအား အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၅၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။



Writer:
ဇော်ဝင်းချစ် (တောင်ငူ)

No comments:

Post a Comment