Thursday, November 24, 2016

"ပဲခူးမြစ်ကူး ၊ သန်လျင်တံတား အမှတ် ၃ ဆောက်ဖို့ ဂျပန်ချေးငွေကိစ္စ လွှတ်တော်မှာ ဆွေးနွေး"

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံဆီကနေ ဂျပန်ယန်း ၃၁ ဘီယံကျော် ချေးယူပြီး တည်ဆောက်မယ့် ဒီတံတားစီမံကိန်းနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ ဒဂုံမြို့နယ်က ဒေါ်သက်သက်ခိုင်က အခြေခံ အဆောက်အဦး တိုးတက်မှု ရှုထောင့်ကနေ ထောက်ခံ ဆွေးနွေးသွားခဲ့ပါတယ်။ ဒီစီမံကိန်းအတွက် ဂျပန်နိုင်ငံရဲ့ ချေးငွေသက်တမ်း ကာလမှာ နှစ် ၄၀ ရှိပါတယ်။ ဒါပေမယ့် တံတားစီမံကိန်းကို ချေးငွေနဲ့ တည်ဆောက်ရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေ အကျိုးရှိဖို့ တည်ဆောက်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေ ရဲ့ ၀င်ငွေနဲ့  ပြန်လည်ပေးဆပ်ရမှာ ဖြစ်လို့ ၀င်ငွေခွဲဝေဖြန့်ဖြူးမှု မညီမမျှဖြစ်ပြီး ဆင်းရဲချမ်းသာ ကွာဟနိုင်တယ်လို့ မင်္ဂလာဒုံ မဲဆန္ဒနယ်က ဦးအောင်လှိုင်ဝင်းက ဆွေးနွေးသွားခဲ့ပါတယ်။

No comments:

Post a Comment