Monday, November 28, 2016

အာဆင်နယ် နိုင်ပွဲ ပြန်ရှာတွေ့ခဲ့ပြီး နှစ်ပွဲဆက် သရေကျခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) တနင်္ဂနွေနေ့ပွဲစဉ်တွေ မှာတော့ အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ယူတို့ဟာ ဘုန်းမောက်၊ ၀က်စ်ဟမ်းတို့နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး အာဆင်နယ်အသင်းက နိုင်ပွဲပြန်ရှာခဲ့ပေမယ့် မန်ယူကတော့ အိမ်ကွင်းနှစ်ပွဲဆက် သရေကျခဲ့တယ်။ အာဆင်နယ်-ဘုန်းမောက်ပွဲမှာ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ဘုန်းမောက်နောက်ခံလူရဲ့ အမှားကနေတစ်ဆင့် ပွဲချိန်(၁၂)မိနစ်မှာ အလက်ဆစ်ဆန်းချက်ဇ်က သွင်းယူခဲ့ပြီး (၂၃)မိနစ်မှာ ဘုန်းမောက်အသင်း တိုက်စစ်မှူး ၀ီလ်ဆင်က ပယ်နယ်တီကနေ ချေပဂိုးသွင်းခဲ့တယ်။ အာဆင်နယ် အသင်းအတွက် ဒုတိယမြောက်ဂိုးကို မွန်ရီယဲလ်ပေးတာကနေ အခုရာသီမှာ
ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ ဝေါလ်ကော့က အနီးကပ်ခေါင်းတိုက်သွင်းယူ ခဲ့ပြီး ဒီဂိုးဟာ သူ့အတွက် ပရီးမီးယားလိဂ် (၆)ဂိုးမြောက်ဖြစ်ပါတယ်။
အာဆင်နယ်အတွက် တတိယမြောက်ဂိုးကတော့ နာကျင်အချိန်ပို(၉၁)မိနစ်မှာ ဂျရူးပေး

တာကနေ ဆန်းချက်ဇ်ကပဲ သွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ လိဂ်ပွဲ(၂)ပွဲဆက် သရေကျခဲ့တာကို အခုပွဲမှာ ရပ်တန့်နိုင်ခဲ့ပြီး အမှတ်ေ ပးဇယား အဆင့်(၄)မှာ ဆက်လက်ရပ်တည်နေဆဲပါပဲ။
အာဆင်နယ်ပွဲအပြီး ဆက်ကစားတဲ့ မန်ယူ-၀က်စ်ဟမ်းပွဲမှာ မန်ယူအသင်းဟာ အိမ်ကွင်းနိုင်ပွဲ မရှာဖွေနိုင်ခဲ့ဘဲ တစ်ဂိုးစီသရေသာကစားခဲ့ပါတယ်။ ၀က်စ် ဟမ်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၁)မိနစ်ကျော်လောက်မှာ ပါယက်ပေးတာကေ န ဆာကိုက ပိတ်သွင်းခဲ့တာဖြစ်ပြီး မန်ယူအတွက် ချေပဂိုးကိုတော့ (၂၁) မိနစ်မှာ ပေါ့ဘာရဲ့ပေးပို့မှုကို အီဘရာဟီမိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။
လက်ကျန်မိနစ်တွေမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မံမသွင်းနိုင်လို့ သရေတစ် မှတ်စီ ခွဲယူခဲ့ပြီး ဒိုင်လူကြီးကို ဒေါသပေါက်ကွဲခဲ့တဲ့ မော်ရင်ဟိုကတော့ ပထမပိုင်းမှာပဲ ကွင်းထဲက ထုတ်ခံခဲ့ရတယ်။ မန်ယူအသင်းအနေနဲ့ လိဂ်ပွဲနောက်ဆုံး(၂)ပွဲဆက် သရေကျခဲ့တာဖြစ်ပြီး ထိပ်ဆုံးက ချယ်လ်ဆီးနဲ့(၁၁)မှတ်အထိကွာ
သွားပြီဖြစ်လို့ ချန်ပီယံဆု မျှော်လင့်ချက်က ပိုမိုအားနည်းသွားပြီလို့ ဆိုရမှာပါ။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) တနင်္ဂနွေနေ့ ပွဲရလဒ်များ
■ ၀က်ဖို့ဒ် ၀-၁ စတုတ်စီးတီး
■ အာဆင်နယ် ၃-၁ ဘုန်းမောက်
■ မန်ယူ ၁-၁ ၀က်စ်ဟမ်း
■ ဆောက်သမ်တန် ၁-၀ အဲဗာတန်

No comments:

Post a Comment