Tuesday, November 29, 2016

"အခွေထုတ်ရင် ခိုးမယ်ဆိုတာကို သိပေမယ့် ကုသိုလ်ကံပဲပေါ့" တေးသံရှင် ဇော်ဝင်းရှိန်

စတီဒီယိုတေးသံရှင် ဇော်ဝင်းရှိန်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဒီဇင်ဘာ ၃ ရက်၌ပြုလုပ်မည် ဖြစ်ပြီး ယင်းတစ်ကိုယ်တော်ဖျော်ဖြေ ပွဲနှင့်ပတ်သက်ပြီးတော့ ၎င်းနဲ့တွေ့ ဆုံခိုက် အခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။
ဖြေ - ဖျော်ဖြေပွဲကမလုပ်တာကြာ ပြီပေါ့နော်။ ဒီဖျော်ဖြေပွဲက ကျွန် တော်လုပ်ချင်တဲ့အတိုင်းလည်း အားလုံးကိုလုပ်ခွင့်ရတယ်။ ကျွန်တော်လုပ်ချင်တဲ့ပုံစံက တစ်ယောက်တည်းဆို ချင်တဲ့ပုံစံမျိုးလေးပါ။ ကိုယ့်သီချင်း ကိုယ်ဆိုတော့ နားထောင်တဲ့ပရိသတ်လည်း ပိုအဆင်ပြေတယ်။
မေး - ဒီဖျော်ဖြေပွဲမှာ အခြားအဆို တော်တွေပါဝင်ဖို့ရောရှိလား။
ဖြေ - တခြားတေးသံရှင်တွေလည်း ပါဝင်ပါမယ်။ တေးသံရှင်ဆုန်သင်းပါရ်၊ ချောစုခင်၊ L ဆိုင်းဇီ၊ အိုင်းရင်း ဇင်မာမြင့်၊ စိုးပြည့်သဇင်တို့ပါဝင်ပါ မယ်။




မေး - ဒီဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး တော့ ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက် ပြီးတော့လည်း ပြောပြပေးပါဦး။

ဖြေ - ပြင်ဆင်မှုအပိုင်းကတော့သီချင်းတစ်ပုဒ်ချင်းစီကို Part  တွေ ခွဲတယ်ဆိုတော့ များသောအားဖြင့်က သီချင်းတစ်ပုဒ်တိုက်ပြီဆိုရင် ကျွန်တော်တို့အပါအဝင်ပါပဲ။ အရင်တုန်းကတိုက်ခဲ့ကြတာ သီချင်းတိုက်သွားတဲ့ အချိန်ကလည်း ဘယ်အချိန်မှန်းမသိဘူး။ ဟိုကျတော့ အဆိုတော်က  Note တွေပေးတယ်။ သီချင်းတစ်ခေါက်ဖွင့်တယ်။ အဲဒီမှာလိုက်မှတ်တယ်။ နှစ်ခါလောက်တီးပြီးရင် ရပြီရပြီဆိုပြီးတော့ စင်ပေါ်မှာ အဲဒီ အတိုင်း တီးလိုက်တယ်။ ပြီးတော့ စင်ပေါ်ရောက်တော့ သီချင်းကမရ တော့ဘူး။ မေ့တယ်။ အခုတစ်ခါကျ တော့ အဲဒီလိုမဟုတ်တော့ဘူး။ ဘယ်သူကဘာတီးမယ်၊ ဘယ်သူက ဘာတီးမယ်ဆိုတာကို စနစ်တကျလုပ်တယ်။ မပါတဲ့ Part  ကျရင်လည်း ရပ်နေ အခုဒီမှာကမပါရင်လည်း အကုန်တီးနေကြတာပဲ။ အဲဒီလိုမျိုး တွေကအစ ပြင်ဆင်ထားတယ်။


မေး - သီချင်းဘယ်နှပုဒ်သီဆိုဖို့ အတွက် ပြင်ဆင်ထားလဲ။

ဖြေ - သီချင်းတွေကတော့ အရင်က သီချင်းတွေကိုပြန်ဆိုမယ်။ သီချင်း အပုဒ်ရေ ၃ဝ လောက်ဆိုမယ်လို့ တော့ ပြင်ဆင်ထားပါတယ်။


မေး - ၂ဝ၁၇ မှာ တစ်ကိုယ်တော် အခွေထွက်မယ်လို့သိရတယ်။ အဲဒီ အခွေအတွက် ပြင်ဆင်နေမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ - သီချင်းတွေကတော့ သွင်းပြီးပါပြီ။ နာမည်တော့မပေးရသေးဘူး။ ဘယ်ဟာကို ခေါင်းစဉ်တပ်ရင် ကောင်းမလဲစဉ်းစားနေပါတယ်။ သီချင်းတွေကတော့ ၁၆ ပုဒ်လောက်သွင်းပြီးပါပြီ။ တကယ်တမ်း အခွေ ထုတ် မှာကတော့နည်းနည်းပဲ။ သီချင်းအပုဒ်ရေနည်းနည်းပဲထုတ်မှာပါ။ အခုကတော့ သေချာကောင်း အောင်လုပ်နေပါတယ်။ သီချင်းတွေ ကိုရေးထားတာက ကျွန်တော်ကိုယ်တိုင်လည်းရေးတယ်။ ကျွန်တော့်သား နန္ဒကျော် လည်းရေးတယ်။ ကျွန်တော် တီးတယ်၊ ဖိုးကလဲ၊ နောက် ကိုကျော် ကျော်၊ ကိုသိန်းထိုက်အောင်၊ ကိုမျိုး ဇော်တို့နဲ့ တီးခတ်ထားပါတယ်။ သီချင်းတွေကတော့ Country Music အမျိုးအစားလေးတွေပါ။


မေး - ခိုးကူးခွေတွေရှိနေတဲ့အချိန်မှာ အခွေထုတ်ဖို့ပြင်ဆင်နေတော့ အခွေ ရောင်းအားအတွက် စိုးရိမ်မှုရောရှိ လား။

ဖြေ - ဒါကတော့မတတ်နိုင်ပါဘူး။ ကုသိုလ်ကံပဲပေါ့။ ထုတ်ရင်လည်း ခိုးမယ်ဆိုတာသိတယ်။ ဒါပေမဲ့ မတတ် နိုင်ဘူး။ အဲဒီဟာကတော့ အစိုးရပါ ပါမှရမယ်။ တရားဥပဒေအရ လုပ်မှပဲရမှာပါ။ အဲဒီအတွက်လည်း ကြိုး စားနေကြပါတယ်။ အဆင်တော့ပြေလာမှာပါ။  



ZTH, KZYH

No comments:

Post a Comment