Sunday, November 20, 2016

ဆူဇူကီးဖလားဖွင့်ပွဲတွင် ထိုင်း ဂိုးပြတ်အနိုင်ရ၊ ဖိလစ်ပိုင်နှင့် စင်ကာပူသရေကျ


အေအက်ဖ်အက်ဖ်ဆူဇူ ကီးဖလားအဖွင့်ပွဲစဉ်များတွင် ထိုင်းအသင်းက တိုက်စစ်မှူး ဒန်ဒါ၏ ဟက်ထရစ်ဂိုးနှင့်အတူ အင်ဒိုနီးရှားကို အနိုင်ရခဲ့သော် လည်း အိမ်ရှင်ဖိလစ်ပိုင်က တစ် ဦးလျော့ စင်ကာပူကို အနိုင်မယူ နိုင်ဘဲ ဂိုးမရှိသရေကျခဲ့သည်။ ဆူဇူကီးဖလား လေးကြိမ် ရထားသော ထိုင်းအသင်းသည် အင်ဒိုနီးရှားကို ပွဲစပြီး ၄ မိနစ် မှာပင် နော့ချာအီယာ၏ သွင်းဂိုး ဖြင့် ဦးဆောင်ခဲ့ပြီးနောက် ဒန်ဒါ က ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက် အင်ဒိုနီးရှားက ၅၃ မိနစ်တွင် သုံးမိနစ်ခြားနှစ်ဂိုးသွင်း ယူခဲ့၍ သရေကျနေစဉ် ထိုင်းတိုက်စစ်မှူး ဒန်ဒါက ပွဲပြီးခါနီးတစ်ဂိုး အပါအ၀င် နောက်ထပ်နှစ်ဂိုးသွင်းယူခဲ့ရာ ၄-၂ ဂိုးရလဒ်ဖြင့် ပွဲပြီးခဲ့ သည်။
မြန်မာနှင့်ပူးတွဲအိမ်ရှင်အ ဖြစ် တာဝန်ယူထားသော ဖိလစ်ပိုင်သည် ပွဲချိန်အများစုကို ကစားသမားတစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရသည့် စင်ကာပူကို အနိုင်မယူ နိုင်ဖြစ်ခဲ့သည်။ ‘‘ဒီပြိုင်ပွဲအတွက် ကျွန်တော် တို့ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ စွမ်းပကားနဲ့ အင်အားကို ဒီဒေသက ပရိသတ် တွေနဲ့ ဘောလုံးအသိုင်းအ၀ိုင်းကို ပြသရမယ့် အချိန်ပါ’’ဟု စင်ကာ ပူကွင်းလယ်လူ ရှာဟရီက ပြော သည်။ ထိုင်းအသင်းသည် နိုဝင်ဘာ ၂၂ ရက်တွင် စင်ကာပူနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အင်ဒိုနီးရှားက ဖိလစ်ပိုင်နှင့် တွေ့ရမည်ဖြစ်သည်။ ပူးတွဲအိမ်ရှင်မြန်မာအသင်းသည် နိုဝင် ဘာ ၂၀ ရက်တွင် ဗီယက်နမ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Ref:Goal

No comments:

Post a Comment