Sunday, November 27, 2016

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ရှားပြီး လူ တစ်ဦးသေဆုံး

ပြီးခဲ့သည့် သောကြာညတွင် တရုတ်နိုင်ငံတွင် အနောက်ပိုင်းဒေသ ရှိ တောင်တန်းထူထပ်သည့်ဒေသ၌ ပြင်းအား ၆.၅ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ပြိုကျ ခဲ့သောကြောင့် လူ ၁ ဦးသေဆုံးခဲ့သည်။ မြေငလျင်ဗဟိုချက်သည် ရှင်ကျန်းပြည်နယ်တောင်ပိုင်း၊ မြေအောက်အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးအဖွဲ့က ပြောကြားသည်။ ငလျင်သည် တာဂျစ်ကစ္စတန်နယ်စပ် အနီးနှင့် တရုတ်နိုင်ငံ ကတ်ရှ်ဂါမြို့အနောက်ဘက် ကီလိုမီတာ ၁၇၀ အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ လူနေထူထပ်သော ဒေသတွင် အဆောက်အဦး ၆ လုံးပြိုကျခဲ့ရာတွင် လူတစ်ဦး သေဆုံး ခဲ့ကြောင်း ဒေသ အာဏာပိုင်များကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ပြောကြားသည်။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ရှိ ကိုင်ဘာပတ်ထွန်းခွာပြည်နယ်တွင် ငလျင်ဒဏ်ကိုခံစားခဲ့ရကြောင်း အမျိုးသား သဘာ ဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်များကပြောကြားသည်။ သို့သော် ထိခိုက်သေဆုံးမှုမရှိခဲ့ပေ။
Ref:AFP

No comments:

Post a Comment