Tuesday, November 29, 2016

ပါတီမှ ရပ်စဲခြင်းခံလိုက်ရခြင်းအပေါ် မိမိလုပ်ရက် မမှားကြောင်း မအူပင် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စာလှယ် ဦးစိန်းဝင်း ပြောကြား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် ပါတီဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ဆောင်နေမှုအတွက် ဥပဒေကြောင်းအရ ဖြေရှင်းခဲ့သည့်အပေါ် ပါတီမှ တာဝန်ကနေ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားလိုက်ပါတယ်။ “ပါတီကနေတာဝန်ရပ်စဲတယ်ပေါ့ အန်ကယ်ဘက်ကတော့ အန်ကယ် လုပ်တာမမှားဘူးလို့ ပြောချင်တယ် ဘာဖြစ်လို့တုန်းဆိုတော့ အန်ကယ်က ရာဇတ်ဝတ်မှုကျူးလွန်သူကို အန်ကယ်ရဲတိုင်တာကလွဲပြီးတော့ ဒါပါတီတွင်း ရှင်းရမဲ့ကိစ္စမဟုတ်ဘူး ရာဇတ်ဝတ်မှုကို အန်ကယ်က တိုင်တယ်  တိုင်တဲ့အခါမှာ အန်ကယ်တို့ရဲ့ ခေါင်းဆောင် အမကြီးဒေါ်အောင်ဆန်း စုကြည်ပြောထားတဲ့ ကိုယ့်လူမို့လို့ လျော့ပေးရင် အရင်လူနဲ့ ဘာထူးမှာလည်းဆိုတဲ့ စကား ပြီးတော့ ကိုယ့်လူဆိုပင်မဲ့ နောက်ဆုံးပိတ် ဥပဒေအတိုင်း အလုပ်လုပ်မယ် အဲ့ဒီလိုလုပ်တဲ့ အတွက် သူ့ဘက်က ကြည့်နိုင်တာသည်  ထမင်းထုတ်နဲ့ပဲ လိုက်ကြည့်ရကြည့်ရ ဒီလိုမျိုးအန်ကယ်တို့ ဘက်က
ခေါင်းဆောင်က ပြောထားပြီးပြီလေ ခေါင်းဆောင်ပြောထားတဲ့  လမ်းညွှန်ချက်ကို အန်ကယ်အနေနဲ့ လက်တွေ့အကောင်အထည်ဖော် လိုက်တာပဲ”ဟု ၎င်းက ထပ်မံပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးအပြီးတွင် ဦးစိန်ဝင်းက အထက်ပါအတိုင်း
သတင်းမီဒီများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ၎င်းက “ဘာလို့လက်တွေ့အကောင်အထည်ဖော်လိုက်
တာလည်းဆိုတော့ ဒီနေ့အန်ကယ်တိုင်လိုက်တဲ့ ၄၂၀ နဲ့ ပုဒ်မ ၅၀၀ဟာ
အန်ကယ်ရဲ့ ဂုဏ်သိက္ခာကို စော်ကားသလို NLD ရဲ့ ဂုဏ်သိက္ခာကို
လည်းစော်ကားတယ် ပြီးတော့ အန်ကယ်ရဲ့ လက်မှတ်တွေ အန်ကယ်
မပြောဘဲနဲ့ ရေးထားတဲ့ စာသားတွေကိုလည်း အတုပြုလုပ်ပြီးတော့
ဖြန့်ဝေထားတယ်။ ဒါဟာ အန်ကယ်သည် NLD ရဲ့ တောင်သူ
လယ်သမားနဲ့အလုပ်သမားရေးရာ ကော်မတီဥက္ကဌဖြစ်တယ်။
ဒါကြောင့်မို့လို့ အန်ကယ်ရဲ့ ဂုဏ်သိက္ခာကျအောင်လုပ်တာသည်
NLD ရဲ့ ဂုဏ်သိက္ခာကျအောင်လုပ်တာနဲ့ အတူတူပဲမို့လို့ အန်ကယ်က
အမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ကို အန်ကယ်က
လက်တွေ့အကောင်အထည်ဖော်လိုက်ခြင်းဖြစ်တယ်”ဟု ထပ်မံပြောသည်။
မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းအား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပါတီတာဝန်မှ
ရပ်စဲလိုက်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်
တွင် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဌ
တာဝန်မှလည်း ပယ်ဖျက်လိုက်သည်။
ဦးစိန်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ၎င်း၏လက်မှတ်
အတုအပါအ၀င် ပြောကြားထားခြင်းမရှိသော အကြောင်းများကို
အတုပြုလိုက်ကာ ဖြန့်ဝေခဲ့သည့်အတွက် အောက်တိုဘာလအတွင်းက
တရားစွဲဆိုထားခြင်းဖြစ်သည်။
Popular

No comments:

Post a Comment