Friday, November 25, 2016

အိမ်ထောင်မပြုရန် ပြောဆိုသည့် အဖိုးကို မြေးက သေနတ်ဖြင့် ပစ်ခတ်

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ်တွင် အိမ်ထောင်ပြုမည့် အစီအစဉ်ကို တားမြစ်သည်ဟုဆိုကာ မြေးဖြစ်သူက အဖိုးဖြစ်သူကို တူးမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိုင်းခတ်မြို့မ ရဲစခန်းမှ သိရသည်။
နောင်လုံးကျေးရွာအုပ်စု ပင်းနီကျေးရွာတွင် နိုဝင်ဘာလ၂၃ ရက်နေ့က အိမ်ထောင်ပြုမည့် အစီအစဉ်ကို အဖိုးက တားမြစ်သည်ဟု ဆိုကာ အသက် ၃၅ နှစ်အရွယ် မြေးဖြစ်သူက အရှည်ငါးပေခန့်ရှိ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး အေးအေးမြင့်က ပြောကြားသည်။

No comments:

Post a Comment