Tuesday, November 29, 2016

အောင်ပန်းမြို့ကိုအဓိကရေပေးနေသည့် ငါးကြောင်းအိုင်ပတ်ဝန်း ကျင်မှသစ်တောများကို ပုဒ်မ ၁၄၄ ထုတ်ပြီးထိန်းသိမ်းမည်

အောင်ပန်း မြို့ကိုအဓိကရေပေးဝေနေသည့် ငါး ကြောင်းအိုင်ပတ်ဝန်းကျင်ရှိ သစ်တော များကို ပုဒ်မ၁၄၄ထုတ်ပြန်ပြီး ထိန်း သိမ်းသွားမည်ဖြစ်ကြောင်း ကလော မြို့နယ် သစ်တောဦးစီးဌာနမှဦးစီးမှူး ဦးထွန်းထွန်းဝေက ဒီမိုကရေစီတူဒေး သို့ နိုဝင်ဘာ၂၈ရက်ကပြောသည်။ အဆိုပါငါးကြောင်း အိုင်ရေထွက် သည် အောင်ပန်းမြို့၏အသက်သွေး ကြောဖြစ်ပြီး လက်ရှိအချိန်တွင် ရေ ထွက်၏အပေါ်တွင်ယာများလုပ်ကိုင်
ဆောင်ရွက်နေကာသစ်တောများ ပြုန်းတီးလာပါက အောင်ပန်းမြို့ ရေပေးဝေရေးအတွက် များစွာအ ခက်အခဲဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဦးထွန်းထွန်းဝေက ""ငါးကြောင်း အိုင်က အောင်ပန်းတစ်မြို့လုံးကို အ ဓိကရေပေးနေတဲ့ နေရာဖြစ်ပါတယ်။ နောက် ခုတင် ၇၀၀ စစ်ဆေးရုံကိုလည်း ဒီနေရာကနေပြီး အဓိကရေပေးနေ တဲ့နေရာဖြစ်ပါတယ်။ ဒီနေရာပျက်စီး သွားရင် အောင်ပန်းမြို့ကရေအခက် အခဲဖြစ်သွားမယ်။ ဒါကြောင့် ဒီနေရာ ကို ၁၄၄ထုတ်ဖို့စီစဉ်ခြင်းဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ ဒါကို ပြည် နယ်ဝန်ကြီးကလည်း သဘောထူပါ တယ်""ဟုပြောသည်။

အဆိုပါရေအိုင်ပတ်ဝန်းကျင် တွင် သစ်တောများမှ ကောင်းမွန်နေ သေးပြီး အိုင်ပတ်ဝန်းကျင်တွင် သစ် ပင်များခုတ်ခြင်း၊ ငါးမျှားခြင်း၊ တော မီးရှို့ခြင်း စသဖြင့်လုပ်ကိုင်ဆောင် ရွက်ပါက ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ဦးထွန်းထွန်းဝေက ""၁၄၄ ထုတ် ပြန်နိုင်ဖို့အတွက် ရေဝေရေလွှဲဧရိ ယာကို ပြန်တွက်ချက်မယ်။ တွက် ချက်ပြီးသွားရင်တော့ ထုတ်ပြန်မှာ ပါ။ မြေပြင်ကွင်းဆင်းလေ့လာမှုတွေ ကိုတော့ ဆက်လက်လုပ်ဆောင်ရဦး မှာပါ။ အနည်းဆုံးတော့ ကျွန်တော် တို့က ဧကတစ်ရာ့ငါးဆယ်ကျော် လောက်ကို သတ်မှတ်နိုင်ဖို့တော့ မှန်းထားပါတယ်။ အမြန်ဆုံးတော့ ထုတ်ပြန်နိုင်အောင် လုပ်ဆောင် သွားမှာပါ""ဟု ပြောသည်။
အဆိုပါနေရာသို့ နိုဝင်ဘာ၂၇ ရက်က ရှမ်းပြည်နယ်သစ်သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ ရှမ်းပြည်နယ်သစ်တော ညွှန်ကြားရေးမှူးများအပါအ၀င် ကလောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ကိုင်နေသည့်အ ဖွဲ့အစည်းများ သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
AA

No comments:

Post a Comment