Saturday, November 26, 2016

ကျန်းမာရေးအခြေအနေကြောင့် အယူတော်မင်္ဂလာရုပ်ရှင်မှာ မပါဝင်တော့တဲ့ နေဝင်း

အယူတော်မင်္ဂလာရုပ် ရှင်တွင် ကျန်းမာရေးမကောင်း သောကြောင့် မပါဝင်နိုင်ခဲ့ကြောင်း အဆိုပါရုပ်ရှင်တွင် သရုပ်ဆောင် အဖြစ် ပါဝင်ရိုက်ကူးရန် စီစဉ်ခဲ့သည့် Snare အဖွဲ့မှ နေဝင်းက ပြောသည်။ ‘‘သူတို့စရိုက်ချိန်မှာ ကျွန် တော်ဆေးရုံပေါ်က မဆင်းရသေး ပါဘူး။ ကျွန်တော်ရိုက်ဖို့ လုံးဝအ ဆင်မပြေလို့ မရိုက်ဖြစ်တာပါ။ အကုန်လုံးကိုလည်း တောင်းပန် ပြီးပါပြီ။ နောက်ထပ်ရိုက်ဖို့က လည်း မပြောတတ်သေးပါဘူး။ ကမ်းလှမ်းရင်လည်း ကြည့်ဦးမှာ။ ကျွန်တော်ကလည်း နည်းနည်း ကြေးဂျီးများတော့ ကြိုက်ရင် ကိုယ်နဲ့လည်း အဆင်ပြေရင်တော့ ရိုက်ဖြစ်မှာပါ။ ရိုက်ရ ပြီးရောတော့ မရိုက်ချင်ပါဘူး’’ဟု ၎င်းက ပြော သည်။ လက်ရှိတွင် ကျန်းမာရေး ကောင်းလာပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းလာပြီး အနားယူ အားဖြည့်နေကြောင်း ၎င်းက ဆို သည်။



Snare အဖွဲ့၏အခွေသစ် အတွက် သီချင်းလေးပုဒ်ခန့်ကျန် ရှိနေ၍ ယခုနှစ်အတွင်း ထွက်ရှိ နိုင်ဦးမည်မဟုတ်ဘဲ  လာမည့်နှစ် ဆန်းပိုင်းမှသာ ထွက်ရှိနိုင်တော့ မည်ဟု နေဝင်းက ပြောသည်။

‘‘လေးပုဒ်မှာပဲ တော်တော် ကြာနေတာ။ ကျန်တာကတော့ ပြီးပါပြီ။ အဲဒီလေးပုဒ်ပြီးရင်တော့ ထွက်မယ့်အချိန်တွေ ပြောပြလို့ ရမှာပါ။ မအားတာရော ကျန်းမာ ရေးကြောင့်ရော နောက်ဆုတ် သွားတာ’’ဟု Snare အဖွဲ့၏အခွေနှင့်ပတ်သက်၍ ၎င်းက ပြောသည်။ ဇွဲဉာဏ်

No comments:

Post a Comment