Monday, November 28, 2016

ရွာငံကော်ဖီအထွက်နှုန်းလျော့သော်လည်း အရည်အသွေးပြည့်မီပါက ယခင်နှစ်ထက်ဈေးကောင်းရနိုင်

ရှမ်းပြည် နယ်၊ တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ရွာငံမြို့ထွက်ကော် ဖီသီးများ ယခုနှစ်တွင်ရာသီဥတုဆိုး ရွားမှုကြောင့် အထွက်နှုန်းလျော့ကျ မည်ဖြစ်သော်လည်း အရည်အသွေး ပြည့်မီပါက ယခင်နှစ်ဈေးထက်ပိုမို ရရှိနိုင်ကြောင်း ဒေသခံကော်ဖီစိုက် ပျိုးသူများထံမှ သိရသည်။ ""ဒီနှစ်က ရာသီဥတုဖောက်တယ် လေ၊ မိုးလည်းများတယ်။ ဒါကြောင့် အထွက်နှုန်းကတော့ မနှစ်ကထက် လျော့သွားလိမ့်မယ်။ ဒါပေမဲ့အရည် အသွေးကောင်းတယ်၊ ပြည့်မီတယ်ဆို ရင်တော့ အရင်နှစ်ထက်ဈေးပိုရလိမ့်မယ်လို့ထင်တယ်""ဟု ဒေသခံ
ကော်ဖီစိုက်ပျိုးသူ ဦးထွန်းထွန်းဦး က ပြောသည်။

ကော်ဖီသီး ဈေးကွက်အနေဖြင့် ယခင်နှစ် ဒေသဈေးကွက်အတွင်း တစ်ပြည်လျှင် ကျပ် ၈၅၀ မှ ကျပ် ၉၀၀ အထိ ဈေးရှိခဲ့သော်လည်း ရွာငံ မြစေတီကော်ဖီအစုအဖွဲ့မှ ဒေသ ပေါက်ဈေးထက် ငွေပိုပေးကာဝယ် ယူသဖြင့် အထွက်နည်းသော်လည်းအရည်အသွေးပြည့်မီပါက
ဈေးပိုရ နိုင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
""မနှစ်ကနဲ့စာရင်တော့ ကော်ဖီ ကနည်းနည်းပါးတယ်။ ဘယ်လောက် ထွက်မယ်ဆိုတာ ခန့်မှန်းမရသေး ဘူး။ နိုင်ငံခြားတင်ပို့ဖိုတော့ ပြည့် လောက်တယ်။ ဘယ်လောက်တင် ပို့မယ်ဆိုတာတော့ အသင်းအဖွဲ့မှာ မတိုင်ပင်ရသေးဘူး""ဟု ရွာငံမြို့ မြ စေတီကော်ဖီအစုအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယခုနှစ်တွင် အသင်းအနေဖြင့် ကော်ဖီသီး လေးတန်ထုတ်ယူကာ သုံးတန်အား ပြည်ပသို့တင်ပို့၍ တစ်တန်အား ပြည်တွင်း
၌ဖြန့်ဖြူးရန် စီစဉ်ထားပြီး ပြည်ပသို့တင်ပို့ရန် အရည်အသွေးမီသော အထူးတန်း ကော်ဖီရရှိရန်အတွက် ချယ်ရီရောင် ကဲ့သို့ ရင့်မှည့်ချိန်မှသာ တစ်ပြိုင် တည်းခူးဆွတ်မည် ဖြစ်သည့်အပြင် အရည်အသွေးစမ်းသပ်ကာ ပြင် ဦးလွင်မြို့၌ကြိတ်ခွဲ၍ ရန်ကုန်မှတစ်ဆင့် နိုင်ငံခြားသို့တင်ပို့ရ ကြောင်း
မြစေတီကော်ဖီအစုအဖွဲ့ ထံမှသိရသည်။
ရွာငံဒေသထွက် ကော်ဖီသီးများ ကိုယခင်နှစ်အတွင်းက အမေရိကန် နိုင်ငံသို့တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇၀၀၀ နှုန်းဖြင့် အထူးတန်း ၀င်ကော်ဖီသုံးတန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် အရည်အသွေးပို ကောင်းလာပါက အမေရိကန်နိုင်ငံ အပြင် အခြားနိုင်ငံခြောက်ခုကိုလည်းတင်ပို့ပေးနိုင်နေပြီဖြစ်ကြောင်း မြ စေတီကော်ဖီအစုအဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက် ပျိုးမှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံနှင့် ပင်လောင်းမြို့များတွင် အဓိကစိုက်ပျိုးပြီး ပြင်ဦးလွင် မြို့နယ်အတွင်းမှလည်း ထွက်ရှိကာ ကော်ဖီသီးတစ်ပြိုင်တည်း ရင့်မှည့် ချိန်ဖြစ်သည့် ဇန်န၀ါရီလ
တွင်စတင် ခူးဆွတ်ပြီးဧပြီလမှသာ နိုင်ငံခြားသို့တင်ပို့ရောင်းချကြောင်း
သိရ သည်။
TH(MMK)

No comments:

Post a Comment