Wednesday, November 30, 2016

ပလက်ဝ နှစ် ၁၄၀ အထိန်းအမှတ်နှင့် ခူးမီးရိုးရာပွဲတော်ကျင်းပ

ချင်းပြည်နယ် ပလက်ဝ နှစ် ၁၄၀ ပြည့် အထိမ်းအမှတ်ပွဲတော် နှင့် ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယနေ့ မှစပြီး ဒီဇင်ဘာ ၁ရက်ထိကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ ပွဲတော် ကို ဒေသခံအများအပြား တက်ရောက်ခဲ့ကြသလို ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွင် နှင့် ချင်းပြည်နယ် အစိုးရ အဖွဲ့လည်းတက်ရောက်သည်။ ပွဲတော်တွင် ခူမီး ရိုးရာ အက ပြိုင်ပွဲ မီးပုံပွဲ အက နှင့် တေးဂီတ အစီအစဉ်များပါဝင်မည်။ ပလက်ဝ မြို့သည် အင်္ဂလိပ် လက်ထက် ၁၈၇၆ ခုနစ်က စတင်တည်ထောင်ခဲ့ပြီး ခူမီးတိုင်ရင်းသားနှင့် ရခိုင်တိုင်းရင်းသား တို့နေထိုင်သည့်မြို့ တမြို့လည်းဖြစ်သည်။ ချင်းပြည်နယ် မြို့ များထဲတွင် လမ်းပန်း အဆက်အသွယ် အခက်အခဲဆုံး ဖြစ်သည့်မြို့ဖြစ်ပြီး ချင်းပြည်နယ် လူဦးရေ ၏ ၅ပုံ ၁ပုံ ဖြစ်သည့် လူဦးရေ တသိန်း ခန့် ပလက်ဝ မြို့နယ်တွင်နေထိုင်ကြသည်။

No comments:

Post a Comment