Monday, November 21, 2016

စူပါမားကတ်တွင်း ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဖြစ်

နိုဝင်ဘာလ ၂၀ ရက်နေ့ညနေ၅ နာရီခွဲခန့်က အသေးစားပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တဲ့ သာကေတမြို့နယ်က capital hypermarket မှာ လုံခြုံရေးရှင်းလင်းရေးတွေလုပ်ဆောင်ပြီးပြီဖြစ်တာကြောင့် ဒီနေ့နေ့လည် ၂နာရီမှာပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ အသေးစားပေါက်ကွဲမှုမှာ လက်လုပ်ဗုံးအသေးစားနဲ့ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူတွေလုံခြုံရေးအတွက် လုံခြုံရေးပိုင်းကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ capital hypermarket ကတာဝန်ရှိသူတဦးကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုကို ဒီနေမနက် ၁၁နာရီက Capital hypermarket မှာ ပြုလုပ်သွားပါတယ်။

No comments:

Post a Comment