Wednesday, November 23, 2016

ထိုင်းနိုင်ငံမှဦးဆောင်ကျင်းပသည့် နှစ်နိုင်ငံဖြတ်ကျော်ချစ်ကြည်ရေးစက်ဘီးစီး ပွဲတော်တွင်မြိတ်မှ အပျော်တမ်းစက်ဘီးစီးအဖွဲ့ဝင်များ ပါဝင်ဆင်နွှဲမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံဖြတ်ကျော် ချစ်ကြည်ရေး စက်ဘီးစီးပွဲတော် ကို နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာ-ထိုင်း နယ်စပ်၌ ကျင်းပမည်ဖြစ်ရာ မြိတ်မြို့မှ Myeik Bike Association အပျော်တမ်း စက်ဘီးစီးအဖွဲ့မှ ပထမဆုံးပါဝင် ဆင်နွှဲမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရသည်။ အဆိုပါနှစ်နိုင်ငံဖြတ်ကျော်ချစ် ကြည်ရေးစက်ဘီးစီးပွဲတော်ကို ခရီး သွားလုပ်ငန်းဖွံ့ဖြိုးလာစေရန်၊ နယ် စပ်ဂိတ်ကို လူသိများလာစေရန်နှင့် နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုရစေရန်ရည် ရွယ်ကျင်းပခြင်းဖြစ်ပြီး စက်ဘီးစီး နင်းမှုကို ထိုင်းနိုင်ငံ ပရာကျွတ် ခီရီခံ ခရိုင် ဒန်းသိန်ခွန်းရွာ ဆင်းခွန် အ ထူးနယ်စပ်ယာယီဂိတ်မှ မြန်မာနိုင်ငံ ဘက် မောတောင်ဒေသအမှတ်(၉) ရပ်ကွက်အထိ စီးနင်းမည်ဖြစ်သည်။


""နိုင်ငံဖြတ်ကျော်ချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ကို ကျွန်တော်တို့ မြိတ်မြို့မှ Myeik Bike Association အပျော်တမ်းစက်ဘီးစီးအဖွဲ့ကအ
ဖွဲ့ဝင် ၂၀ က ပထမဆုံးအကြိမ် သွားရောက်ပါဝင်ဆင်နွှဲမှာ ဖြစ်ပါ
တယ်""ဟု အဆိုပါအဖွဲ့၏ တွဲဖက် အတွင်းရေးမှူး ဦးနေလင်းအောင် က နိုဝင်ဘာ ၂၁ ရက်တွင်ပြောကြား သည်။
Myeik Bike Association အပျော်တမ်းစက်ဘီးစီးအဖွဲ့သည် ယခင်က မြိတ်မြို့တွင် အပျော်တမ်း စက်ဘီးစီးအဖွဲ့အဖြစ်သာ ရပ်တည် ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် များခေါ်ယူ၍တရားဝင်အသင်းအဖွဲ့
ဖြစ်လာစေရန် ဆောင်ရွက်နေသည်။အဆိုပါ စက်ဘီးစီးပွဲတော်ကို ထိုင်းနိုင်ငံမှဦးဆောင်ပြုလုပ်ခြင်းဖြစ် ပြီးစက်ဘီးစီးနင်းသူများ
သည်ထိုင်း နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ မိုင်ပေါင်း ၂၀ ခန့် စီးနင်းကြရမည်ဖြစ် ကြောင်း သိရသည်။
DMT

No comments:

Post a Comment