Monday, November 21, 2016

အာဆင်နယ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဗလန်စီယာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ညာနောက်ခံလူ ဗလန်စီယာ ဟာ ယူနိုက်တက် နဲ့ အာဆင်နယ်အသင်းတို့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး ထိုဆုကို အသင်းရဲ့ဆေးအဖွဲ့တွေကိုဂုဏ်ပြုမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဗလန်စီယာ ဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ ညာနောက်ခံလူအနေနဲ့ ထက်/အောက်၊ စုန်/ဆန် ဆင်းပြီးအကောင်းဆုံးကစားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ တချို့တွေကတော့ ဗလန်စီယာ ဟာ ကံမကောင်းခဲ့ဘူးလို့ထင်မြင်နေကြပြီး နာချိမွန်ရီရယ် ရဲ့ သူ့ကို ဖျက်ထုတ်မှုဟာ ပင်နယ်လ်တီ ရရှိခဲ့သင့်တယ်လို့ ယုံကြည်နေကြပါတယ်။ ဗလန်စီယာ ဟာ အိုလီဗာဂီရော့ဒ် ဂိုးမသွင်းခင်အချိန်အထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်တန်းမှာ အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ ဂီရော့ဒ် ရဲ့သွင်းဂိုးဟာ မန်ချက်စတာယူနိုက် နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲမှာ အာဆင်နယ်အသင်းရဲ့ တစ်လုံးတည်းသောဂိုးပေါက်သွင်းယူမှုဖြစ်ပါတယ်။


ဗလန်စီယာ ဟာ သူယခုရရှိခဲ့တဲ့အကောင်းဆုံးကစားသမားဆုကို မန်ချက်စတာယူနိုက်တက်ရဲ့ဆေးအဖွဲ့နဲ့အတူတူဓါတ်ပုံရိုက်ပြီး သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။
"""သုံးမှတ်မရခဲ့တဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ တခြားပွဲတွေမှာပိုကောင်းလာပါလိမ့်မယ်၊
ကျွန်တော် ဒီဆုကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဆေးအဖွဲ့တွေကို ဂုဏ်ပြုချင်ပါတယ်၊
ကျွန်တော်ပြန်လည်ကြံ့ခိုင်လာအောင် စိတ်ရှည်စွာကုသပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်""" လို့ ဗလန်စီယာ က သူ့ရဲ့ အင်စတာဂရမ် မှာဖေါ်ပြခဲ့တာဖြစ်ပါတယ်။
ဗလန်စီယာ ဟာ နိုဝင်ဘာလ အစောပိုင်းက မန်စီးတီးနဲ့ပွဲမှာ လက်မောင်းရိုးကျိုးသည့်ဒဏ်ရာရရှိခဲ့ပြီး ယခုလိုအလျှင်အမြန် ပြန်လည်ကြံ့ခိုင်လာတာဟာ မန်ချက်စတာယူနိုက်တက်အသင်းရာ ဆေးအဖွဲ့တွေရဲ့ဂရုတစိုက်ကုသပေးမှုကြောင့်လို့ ယုံကြည်နေပါတယ်။
Football Cafe

No comments:

Post a Comment