Tuesday, November 22, 2016

အမှုအခင်းများ ဖော်ထုတ်ရန် ဖုန်းသုံးစွဲသူ ၁၃ ဦး၏ အချက်အလက်များကို တယ်လီနောက အစိုးရအတွက် ထုတ်ပေးခဲ့ရ

 ရာဇဝတ်မှုနှင့်ပတ်သက် ၍ အစိုးရက မိုဘိုင်းအသုံးပြုသူ၏ အချက်အလက်များ တောင်းခံ လာ၍ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၃ ဦး၏ အချက်အလက်များကိုတယ်လီနောအနေဖြင့် ထုတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။ ‘‘ထုတ်ပေးခဲ့တဲ့ အကြောင်း အရာတွေက မူးယစ်ဆေးဝါးမှု တွေ၊ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်ပါတယ်’’ဟု တယ်လီနောစီအီးအို Mr. Lars Erik Tellmann က ပြောသည်။ ၂ နှစ်တာအတွင်း အစိုးရအနေ ဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူ ၈၄ ဦး၏ အချက်အလက်များ တောင်း ခံခဲ့သော်လည်း တယ်လီနောအ နေဖြင့် ၁၃ ဦး၏ အချက်အလက် ကိုသာ ထုတ်ပေးသင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ဆိုက်ဘာရာဇဝတ်မှုနှင့်ပတ်သက်၍ဖြစ်စေ၊ အော်ပရေတာ များအနေဖြင့် အချက်အလက်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ဖြစ် စေ ဥပဒေတိကျစွာ သတ်မှတ်ထားခြင်းမရှိသေး၍ အချက်အလက် ထုတ်ပေးခြင်းကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းကာ ကိုယ်တိုင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တယ် လီနောမှ သတင်းရရှိသည်။



‘‘ကွန်ရက်ပိတ်ပေးရမယ်ဆို တဲ့ တောင်းဆိုမှုတွေတော့ မရှိပါ ဘူး။ ကြားဖြတ်နားထောင်ကြ တယ်ဆိုတာလည်း မရှိပါဘူး။ ဥပဒေတိတိကျကျ ရှိလာတဲ့အခါ မှာတော့ လုပ်ရကိုင်ရတာ ပိုလွယ် ကူလာပါလိမ့်မယ်’’ဟု Mr. Lars Erik Tellmann က ပြောသည်။ အသုံးပြုသူအချက်အလက်ထုတ် ပေးခြင်းဆိုသည်မှာ အသုံးပြုသူ ၏ ကိုယ်ရေးအချက်အလက်နှင့် အခြားသော အချက်အလက်များ ကိုသာ ဆိုလိုသည်။

မိုဘိုင်းဖုန်း အသုံးပြုသူများ ၏ အချက်အလက်များကို အစိုးရ က တောင်းခံ၍ အော်ပရေတာအ နေဖြင့် ထုတ်ပေးခဲ့သည်ဟူသော အကြောင်းအရာကို ဆက်သွယ် ရေး အော်ပရေတာများအနက် တယ်လီနော တစ်ခုတည်းကသာ ပွင့်လင်းစွာပြောဆိုထားပြီး အခြားသော ဆက်သွယ်ရေးအော်ပ ရေတာများက ထုတ်ဖော်ပြော ကြားခြင်းမရှိသေးပေ။ မြင့်ကျော်လှိုင်

No comments:

Post a Comment