Wednesday, November 23, 2016

ရေနံနှင့် ရေနံထွက် ပစ္စည်းများ ရောင်းချ၊ သိုလှောင်၊ သယ်ယူဖြန့်ဖြူးရာ တွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်း

ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ရောင်းချ၊ သိုလှောင်၊ သယ်ယူဖြန့်ဖြူးရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရေနံ နှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကပြည်သူ့ လွှတ်တော်သို့ တင်သွင်းလိုက်သည်။ နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုပါဥပဒေကြမ်းကို လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဖေဇင်ထွန်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသော ရေနံအက် ၁၉၃၄ သည် ခေတ်ကာလနှင့်ဆီလျော်မှုမရှိတော့သဖြင့် ယင်းဥပဒေကိုရုပ်သိမ်းပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဟု အမည်ပြောင်း၍ ဥပဒေ သစ်ပြဋ္ဌာန်းရန်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
''ယင်းဥပဒေကိုပြဋ္ဌာန်းနိုင်ရန် ရည်ရွယ်ချက်မှာ ရေနံနှင့်ရေနံထွက် ဆိုင်ရာပစ္စည်းများအား စံချိန်စံညွှန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရန် ယင်းလုပ်ငန်းများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ၊ ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်၏စွမ်းအင် လိုအပ်ချက်နဲ့ စွမ်းအင်လုံခြုံရေးအာ မခံချက်ရ ရှိစေရန်၊ နိုင်ငံတော်အတွက် အခွန်အခများရရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်''ဟု ပြည် ထောင်စုဝန်ကြီးဦးဖေဇင်ထွန်းက ပြောသည်။
ဥပဒေကြမ်းတွင် အခန်းကိုးခန်း နှင့်ပုဒ်မ ၅၆ ခုပါရှိပြီး အဓိကအားဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထား ရှိခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း နှင့် စမ်းသပ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်ပြုစုထားသည်။ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ဥပဒေစည်းမျဉ်း စည်း ကမ်းများကို လိုက်နာခြင်းမရှိသူများအား ထိရောက်သည့် ပြစ်ဒဏ်သတ်မှတ် နိုင်ရန် လိုအပ်မှုကိုရည်ရွယ်ရေးထားသည်ကိုတွေ့ရှိရကြောင်း လွှတ်တော်သို့အစီရင်ခံခဲ့သည်။ အဆိုပါဥပဒေကြမ်းနှင့် ပတ်သက် ပြီး ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များအနေဖြင့် နိုဝင်ဘာ ၂၃ ရက် နောက်ဆုံးထားပြီး လွှတ်တော်သို့အ မည်စာရင်းတင်သွင်းရန် လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ကြေညာခဲ့သည်။
YM

No comments:

Post a Comment