Saturday, November 19, 2016

အားကာသိပံ္ပတွင် ကျောင်းသူ၊ ကျောင်းသားများ လိုအပ်သည်ထက် ပိုပြီး လေ့ကျင့်ချိန် များပြားနေကြောင်း ဂျပန်ပညာရှင် ပြော

အားကစား နှင့် ကာယပညာသိပ္ပံတွင် သင်ကြား နေသော ကျောင်းသူကျောင်းသားများအနေဖြင့် လိုအပ်သည်ထက်ပိုပြီး လေ့ကျင့်ချိန်များပြားနေသဖြင့် လျှော့ချသင့်ကြောင်း ဂျပန်နိုင်ငံ Sendai University, Faculty of Sports Science တွင် ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သူ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၏ Senior Volunteer Mr.Yokokawa Kazuyuki က လုပ်ကိုင်ဆောင်ရွက်နေရင်း လေ့ လာတွေ့ရှိမှုအပေါ် နိုဝင်ဘာ ၁၆ရက်က မီဒီယာများကို ပြောသည်။ Mr.Yokokawa Kazuyuki က ''မြန်မာနိုင်ငံမှာ ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိမှုအရ ကျွန်တော့်ရဲ့ အမြင်အရ လေ့ကျင့်မှုက over training လိုတာထက်ပိုပြီး လေ့ကျင့် ခြင်းခံနေရတယ်။ မနက် ၅ နာရီက နေ ၇ နာ ရီ။ မွန်းလွဲ ၃ နာရီကနေ ၅ နာရီတစ်ခါလုပ်ရတယ်။ အဲဒီလို လုပ်တဲ့အခါမှာ သူတို့လေ့ကျင့်ခန်း ဒဏ်ပြင်းတဲ့အတွက် တကယ်တမ်း သူတို့သက်ဆိုင်ရာအားကစားလုပ် တဲ့အချိန်မှာဆို ပြည့်ပြည့်ဝဝအားမ စိုက်နိုင် တာဖြစ်လာနိုင်ပါတယ်။ ဒါ ကြောင့် ထိရောက်တဲ့ Training ဖြစ် စေချင်ရင်လေ့ကျင့်ချိန်လျှော့ရပါမယ်။
အေးအေးဆေးဆေးအိပ်ရတဲ့ အချိန်ကိုပိုပေးရမယ်။ အားရှိတဲ့အစားအစာတွေနဲ့ သေချာပြန်ဖြည့် ဆည်း ပေး မယ်ဆိုရင် သူတို့ဒါထက် အများကြီးကောင်းလာမှာပါ''ဟု ပြောသည်။ ၎င်းသည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ လုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် အလယ်တန်း အဆင့်ကျောင်းသားများကို နံနက် ပိုင်းတွင် လေ့ကျင့်ခန်းလုံးဝမလုပ်ဘဲ ညနေပိုင်းသုံးနာရီလောက်သာလုပ် ဆောင်ကြောင်း ၎င်းကပြောသည်။
''မြန်မာနိုင်ငံက ကလေးတွေ အားလုံးမညံ့ပါဘူး။ သူဟာနဲ့သူအားလုံးက ပါရမီရှိတဲ့သူတွေချည်းပါပဲ။ အဲဒါကိုဒီထက်ပိုပြီးလုပ်စေချင်တယ် ဆိုရင်တော့ ခုနကပြောတဲ့ လေ့ကျင့်ချိန်လျှော့တာ။ အိပ်ချိန်ကိုများများ တိုးပေးတာလုပ်မယ်ဆိုရင် သူတို့ တကယ်ကိုထိရောက်တဲ့ အားကစား လေ့ကျင့်မှုတွေကို အကောင်းဆုံးလုပ် ဆောင်နိုင်မှာပါ''ဟု Mr.Yokoka-wa Kazuyuki က ပြောသည်။ အဆိုပါကျောင်းများမှ ကျောင်း သူကျောင်းသားများသည် လေ့ကျင့်ခန်းလုပ်ဆောင်ရခြင်း၊ ကျောင်း တက်ရခြင်းများကြောင့် နားချိန်နည်း ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါ်အေး အေးမွန်က ''သူတို့ရဲ့အမြင်အရ ကလေးတွေက ပရိုဂရမ်အရမ်းများ တယ်ပေါ့နော်။ Training အနေနဲ့ မနက်ငါးနာရီ လှုပ်ရှားရတယ်။ တကယ်တော့ ကလေးတွေတိုင်းက ပြန်နားချိန်လိုပါတယ်။ ကလေးတွေက ကျောင်းနဲ့ ဒီ Training နဲ့ဆို တော့ Training နည်းပါတယ်။ သူ ပြောတာလည်းမှန်ပါတယ်။ ဒါကို သူကအကြံပြုတဲ့အတိုင်း adjust လုပ်ဆောင်သွားမှာပါ''ဟု ပြောသည်။ အဆိုပါသိပ္ပံတွင် အား ကစား နည်း ၂၅ မျိုးကို ကျောင်းသူကျောင်း သား ၆၅ဝ ကျော်က သင်ယူလျက်ရှိ ကြောင်း သိရသည်။
AA

No comments:

Post a Comment